YAAS နှင့် DAR တို့ သုတေသနဆိုင်ရာ ပူးပေါင်းမှုများ ဆက်လက်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခြင်း
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနမ် စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီ (Yunan Academy of Agricultural Science-YAAS) နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပါင်း၍ သုတေသနလုပ်ငန်းများ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး အတွက် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ခုနှစ် စက်တင်ဘာ (၂၁) ရက်နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်း(ရုံးချုပ်)ရှိ နဝရတ်ခန်းမတွင် ကျင်းပခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) နှင့် ညွှန်ကြားရေးမှူးများ သက်ဆိုင်ရာ ဌာနစုများမှတာဝန်ခံများ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနမ် စိုက်ပျိုးရေးသိပ္ပံ အကယ် ဒမီ မှ ကိုယ်စားလှယ် Mr. LI Lichi တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ အဖွဲ့အစည်းနှစ်ခု ပူးပေါင်း ဆောင်ရွက်မှု ၏အောင်မြင် မှုရလဒ်များနှင့်စပ်လျဉ်း၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနမ် စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီ (Yunan Academy of Agricultural Science-YAAS) နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့သည် သုတေသနလုပ်ငန်း များပူးပေါင်း ဆောင်ရွက် ရေးအတွက် ၊ 15.9.2017 တွင် သဘာတူညီမှုစာချွန်လွှာ ရေးထိုးခဲ့ကြပါကြောင်း၊ စီမံကိန်း ကာလသည် 2017-2022 မှ 5 နှစ်တာဖြစ်ပါကြောင်း၊
စီမံကိန်းကာလအတွင်း YAAS နှင့် DAR တို့ သည် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု၊ သီးနှံကာကွယ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တို့ နှင့် ဆက်စပ်၍ အကောင် အ ထည် ဖော်ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ အဆိုပါသဘောတူညီ ချက်များအရ DAR မှ လူငယ်သုတေသီ (၃)ဦး အား Talent Young Scientist Program (TYSP) မှတဆင့် YAAS တွင် နည်းပညာများဆည်းပူးလေ့လာခွင့် ရရှိခဲ့ကြပါကြောင်း၊
ထို့အပြင် စိုက်ပျိုး ရေးသိပ္ပံနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Cooperation Council for Agricultural Science and Technology Exchange (ECCAST) အစီအစဉ်အရ Luyin-46 နှင့် YUR-1 စပါးမျိုးများ ကို ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ DAR အနေဖြင့် အနာဂတ်တွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်န် အတွက် ကြိုဆိုပါကြောင်း ပြောားခဲ့ပါသည်။
ဆက်လက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနမ် စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီ ကိုယ်စားပြု ကိုယ်စား လှယ်တစ်ဦးဖြစ်သူ Mr. LI Lichi မှ ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ် လျဉ်း ၍ ပဲပုပ်သီးနှံ၊ တိရိစ္ဆာန်စာ နှင့် ဆေးဘက် ဝင်သီးနှံ သုတေသနများ ကို အဓိကထား ဆောင် ရွက် လိုပါကြောင်းကို ဆွေးနွေး ပြောကြား ခဲ့ပါ သည်။