စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေ

မြန်မာနိုင်ငံတွင် အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကို ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်-၁၅ ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုး‌ရေးသုတေသနဦးစီးဌာန၊ စီမံ ခန့်ခွဲရေးနှင့်‌ငွေစာရင်းဌာနခွဲအောက်တွင် အပင်မျိုးသစ်အကာအကွယ်ပေးရေးလုပ်ငန်းစုကို ၂၀၁၆ခုနှစ်၊ မေလ (၁၀) ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ခုနှစ်၊ မတ်လ (၂၂) ရက်နေ့မှ စတင်၍ အပင်မျိုးသစ်အကာအကွယ်ပေးရေးဌာနစုအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ အပင် မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကို အပြည်ပြည်ဆိုင်ရာအပင်မျိုးသစ်အကာ အကွယ်ပေးရေး ကွန်ဗဲန်းရှင်း (UPOV) မှ ပြဋ္ဌာန်းထားသည့် ၁၉၉၁ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီစေရန် ဥပဒေအား ပြန်လည်ပြင်ဆင်၍ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် -၂၉ ဖြင့် အသစ်ပြန်လည် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။