“Project Cycle Management (PCM) အလုပ်ရုံ ဆွေးနွေးပွဲ” ဆင်းပွဲအခမ်းအနား ကျင်းပခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ စုဝေးခန်းမတွင် စိုက်ပျိုးစီးပွား၊ စိုက်ပျိုးမွေးမြူရေးစနစ်နှင့် နည်းပညာပြန့်ပွားရေးသုတေသနဌာနခွဲ၊ စိုက်ပျိုးစီးပွားရေးနှင့် ဈေးကွက်သုတေသနဌာနစုမှ ကြီးမှူးကျင်းပသည့် “Project Cycle Management (PCM) အလုပ်ရုံ ဆွေးနွေးပွဲ” ဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို ၂၇.၂.၂၀၂၃ ရက်နေ့မှ ၂၈.၂.၂၀၂၃ နေ့ထိ ၂ရက်တာဖွင့်လှစ် ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းစံသိန်း(နည်းပညာ) နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့်(သီးနှံ) ၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ ဘာသာရပ်ဆိုင်ရာ ဗဟုသုတများ ဆွေးနွေးပို့ချပေးသည့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးစီးပွားပညာဌာနမှ ပညာရှင်ပါမောက္ခ ဒေါက်တာသိင်္ဂီမြင့်နှင့် ဆရာမများ ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံ ဆွေးနွေးပွဲ တွင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ နိုင်ကြည်ဝင်း မှ အလုပ်ရုံ ဆွေးနွေးပွဲ တွင် ဆွေးနွေးပို့ချပေးခဲ့ပါသော ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးစီးပွား ပညာဌာနမှ ပညာရှင်ပါမောက္ခ ဒေါက်တာသိင်္ဂီမြင့် နှင့် ဆရာမများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသန ဝန်ထမ်း များလိုအပ်နေသည့် “Project Cycle Management (PCM) ကိုဆွေးနွေး ပို့ချပေးသော အလုပ်ရုံဆွေးနွေးပွဲဖြစ်သည့်အတွက်များစွာအကျိုးရှိမည်ဟုယုံကြည်ပါကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်လာစေရန်၊ သက်ဆိုင်ရာဌာနအလိုက် စီမံချက်များဆောင်ရွက်ရာတွင် စီမံချက်မစမှီ ကြိုတင်ပြင်ဆင် ရမည့် အချက်များနှင့် လိုအပ်ချက်များကို သိရှိလာနိုင်စေရန် နှင့် သက်ဆိုင်ရာဌာနအလိုက် စီမံချက်များဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အချိန် ကာလအတွင်း အောင်မြင်စွာအကောင်ထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း နှင့့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် သုတေသန ဝန်ထမ်းများ အနေဖြင့် ဤဆွေးနွေးပွဲမှ တဆင့် မိမိတို့ဆောင်ရွက်မည့် သုတေသန စီမံချက်များကို ကောင်းမွန်စွာ နားလည်လာပြီး သတ်မှတ်ထားသည့်အချိန်ကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် မိမိတို့လုပ်ငန်းခွင်တွင်လည်း လက်တွေ့ အသုံးချနိုင်စေရန် စာတွေ့လက်တွေ့ အဖွဲ့များခွဲကာ ဆောင်ရွက်စေခဲ့ကြောင်း၊ ဆွေးနွေးပွဲမှရရှိသော ဗဟုသုတအတွေ့အကြုံများနှင့် ပေါင်းစပ်ကာ သုတေသနများ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပါမောက္ခ ဒေါက်တာသိင်္ဂီမြင့်အား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းစံသိန်း(နည်းပညာ) မှလည်း သင်တန်းသား/သူများအား လည်းသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်းသတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။