စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

Organic Research Centerအတွက်နေရာခွဲမှုနှင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်များရေးဆွဲခြင်း

DSC03762
DSC03761
DSC03766
DSC03763
DSC03767
DSC03765
DSC03770
DSC03768
DSC03769
DSC03760
DSC03762 DSC03761 DSC03766 DSC03763 DSC03767 DSC03765 DSC03770 DSC03768 DSC03769 DSC03760

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနစိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ နဝရတ် အစည်းအဝေးခန်းမတွင် Organic Research Centerအတွက်နေရာခွဲမှုနှင့် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်များရေးဆွဲခြင်း အစည်းအဝေးကို ၂၀၂၃ခုနှစ်၊ မတ်လ(၁)ရက် နေ့နံနက်ကကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းစံသိန်း(နည်းပညာ) နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့်(သီးနှံ) ၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် Organic Center ၏လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် အော်ဂဲနစ် ဟင်းသီးဟင်းရွက်များ ၊ ဆီထွက်သီးနှံများ ၊ ပဲမျိုးစုံသီးနှံများ ၊ အခြားနှံစားသီးနှံများ ၊ စပါးသီးနှံများ ၊ အော်ဂဲနစ်ပန်းမံမြေယာအလှဆင် ခြင်းလုပ်ငန်းများ စိုက်ပျိုး အကောင် အထည်ဖော် ဆောင်နိုင်ရန် တို့အတွက်စီမံချက်များ၊ ရေလိုအပ်ချက်နှင့် ရေရရှိရေးဆောင်ရွက်ရန် ပြင်ဆင်ထားမှု အခြေအနေများ၊ အော်ဂဲနစ်သဘာဝဆေးပင်များ စိုက်ပျိုး အကောင် အထည် ဖော်နိုင်ရန်စီမံချက်များ စသည်တို့အား သက်ဆိုင်ရာဌာနစုတာဝန်ခံများ မှှအစီအစဉ်များ ရေးဆွဲ တင်ပြခဲ့ကြပါသည်။

တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ လမ်းညွှန်အမှာစကားများ ပြောကြားပေးခဲ့ပြီး တက်ရောက်လာကြသည့် ဌာနစုတာဝန်ခံများမှ လည်းမေးမြန်းဆွေးနွေးအကြံပြုခြင်းများ ပြုလုပ်ခဲ့ပါကြောင်းကို သတင်းမှတ်တမ်းအဖြစ် ဖော်ပြ အပ်ပါသည်။