စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

KUBOTA ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခြင်း

2
5
3
1
4
2 5 3 1 4
r

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စက်မှုလယ်ယာဦးစီး ဌာန၊ အမှတ်(၈၅) စက်မှုလယ်ယာစခန်း၊ ရွှေညောင်နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ တာယော စိုက်ပျိုးရေးသုတေသနခြံတို့ပူးပေါင်း၍ KUBOTA ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ(၁၀)ရက်နံနက်ပိုင်းက တာယော စိုက်ပျိုးရေး သုတေသနခြံတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဉီးစီးဌာန စိုက်ပျိုးရေးဦးစီး ဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပျားလုပ်ငန်းဦးစီးဌာန တို့မှ ပြည်နယ်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတာယော စိုက်ပျိုး ရေးသုတေသနခြံတာဝန်ခံနှင့် သုတေသီ ပညာရှင်များ ၊မိုင်းသော် အရှေ့၊ သနပ်ခါး၊တာယော၊ဆည်ကြီး၊ ရတနာ-၁၊ ကွန်လုံ၊ ဘန်းကန်ရွာမ၊ နန့်ကွတ်၊ ဘုရားမဲ ကျေးရွာအုပ်စုများမှ တောင်သူများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိ သူများက ကွင်းသရုပ် ပြပွဲနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများအားရှင်းလင်းပြသခဲ့ကြပြီး KUBOTA ကောက်စိုက်စက်ဖြင့် လက်တွေ့ သရုပ်ပြစိုက်ပျိုးပြသခဲ့ပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။