စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒီဇင်ဘာဒုတိယပတ် စုပေါင်းလမ်းလျှောက်ပွဲတွင် ဝန်ထမ်းမိသားစုများ ပါဝင်ဆင်နွှဲခြင်း

3
4
6
2
1
5
3 4 6 2 1 5

၂၀၂၃ခုနှစ် ဒီဇင်ဘာ(၉) ရက် နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း )၌ ဒီဇင်ဘာ စုပေါင်းလမ်းလျှောက်ပွဲ ကို ဒီဇင်ဘာလ ဒုတိယပတ် အတွက် ကျင်းပခဲ့ပါသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲတွင်စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ကာယ၊ ဉာဏ ဝန်ထမ်းမိသားစုများပါဝင်ဆင်နွှဲခဲ့ကြပါသည်။

အဆိုပါစုပေါင်းလမ်းလျှောက်ပွဲအား စုရပ်ဖြစ်သည့် စီမံခန့်ခွဲရေးရုံး ရှေ့ မှ ၅:၃၀ အချိန်တွင် စတင်ထွက်ခွာကာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ဂိတ်ပေါက်သို့ ရောက်ရှိချိန်တွင် မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး နဝရတ်ခန်းမရှေ့တွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်း၍ ပြုလုပ်ခဲ့ကြပါကြောင်းနှင့် တက်ရောက်လာသူများအား ကောက်ညှင်းပေါင်း အကြော်တို့ဖြင့်ဧည့်ခံခဲ့ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။