စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

(၇)ကြိမ်မြောက် တောင်သူပညာပေးဆွေးနွေးပွဲ (Farmers’ Technical Forum)ကျင်းပခြင်း

6
3
4
2
5
1
7
8
6 3 4 2 5 1 7 8

တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရာတွင် ပိုမိုထိ ရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေး တာဝန်ရှိသူများနှင့်တောင်သူများအကြား နီးကပ်စွာဆွေးနွေး အဖြေရှာဖော်ထုတ်ပေးနိုင်ရန် အပတ်စဉ် စနေနေ့ တိုင်း ကျင်းပပြုလုပ်သည့်(၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum)ကို “ဘက်စုံပိုးမွှား ကာကွယ်နည်းစနစ်များ အကြောင်း ဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ (၁၆)ရက် နံနက်ပိုင်း က စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ရေဆင်းရှိ စုဝေးခန်းမတွင်ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်း မှ ယခုကျင်းပသည့် တောင်သူပညာပေး ဆွေးနွေးပွဲသည် ဒုတိယဝန်ကြီး ၏အစီအစဉ်ဖြင့်ဆောင်ရွက်လာခဲ့သည်မှာ (၇)ကြိမ်မြောက်တိုင်လာပြီ ဖြစ်ကာ အလွန်ကို အကျိုးရှိထိရောက်ပါကြောင်း၊ ယနေ့(၇)ကြိမ် မြောက်ဆွေးနွေးပွဲတွင် ဘက်စုံပိုးမွှားကာကွယ်နည်းစနစ်များ အားဆွေးနွေးပေးသွားမည်ဖြစ်ပါ ကြောင်း၊ တောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းတို့အားပိုမိုသိရှိလာစေရန်၊ တောင်သူများ၏စိုက်ခင်းတွင် ကြုံတွေ့ရသည့် ပြဿနာ၊ အခက်အခဲများဖြေရှင်း ပေးနိုင်ရန်အတွက် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ယနေ့၌ စိုက်ပျိုးရေးသုတေသနပညာရှင်၊ စိုက်ပျိုးပညာပေးရေးပညာရှင် နှင့် စိုက်ပျိုးရေးတက္ကသိုလ်မှ ပညာရှင်တို့မှ တောင်သူများအတွက် အရေးကြီးအသုံးဝင်သည့် ပိုးမွှား၊ ရောဂါ၊ ပေါင်းမြက်၊ ကြွက် တို့နှင့်စပ်လျဉ်းသည့် သဘာဝများကို ကွဲကွဲပြားပြား၊တိတိကျကျခွဲခြားသိရှိရန် နည်းလမ်း ပေါင်းစုံနှင့် ကာကွယ်နှိမ်နင်းနည်းများကို နည်းပညာပေး ဆွေးနွေးပေးမှာဖြစ်သလို မိမိတို့သိရှိပြီးဖြစ်သော အခြေခံသဘောတရားများကိုလည်း ပညာရှင်များအားပြန်လည် ဆွေးနွေးပေး ကြစေလိုပါကြောင်း၊ သုတေသနရလဒ်များတောင်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေးအတွက် သုတေသန၊ တောင်သူနှင့် ပညာပေးဝန်ထမ်းများ ဟန်ချက်ညီညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် လည်းတောင်သူများထံ သို့ အရောက်သွားကာ နည်းပညာများဖြန့်ပေးခြင်းနှင့် တောင်သူ့စိုက်ခင်းများအရောက် လာရောက် ကြည့်ရှု ပေးလိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဘက်စုံပိုးမွှား ကာကွယ်နည်းစနစ်များ နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်နီနီထိန်မှ ဇီဝနည်းကိုအခြေခံသော ဘက်စုံပိုးမွှားကာကွယ် နှိမ်နင်းနည်းများအား လည်းကောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ဒေါက်တာခင်သိန်းညွန့် မှ သီးနှံ ဖျက်ပိုးများ ကိုဘက်စုံကာကွယ်နည်း စနစ်များ အပေါ်ခြုံငုံ၍ အားလည်းကောင်း၊ ဒေါက်တာနေနေဦး မှ ထရိုင်ခိုဒါးမားမှိုအသုံးဝင်ပုံ၊ အသုံးပြုပုံများအား လည်းကောင်း ၊စိုက်ပျိုးရေးတက္ကသိုလ်မှ ဒေါက်တာခင်မိမိမှ ဘက်စုံနည်းဖြင့် ဖျက်ပိုးကာကွယ်နှိမ်နင်းနည်း နှင့်စပ်လျဉ်းသည့် ဗဟုသုတဖြစ်ဖွယ်များအား လည်းကောင်း မျှဝေ ဆွေးနွေး ပေးခဲ့ကြရာ တက်ရောက်လာသည့် တောင်သူများမှ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း တစ်ခု ဖြစ်သည့် ဥကပ်ပါး နဂျီ နှင့် စပ်လျဉ်း၍လည်းကောင်း၊ အဝါရောင်မှိုစေ့ရောဂါဖြစ်စေသည့် ရောဂါဖြစ်ကြောင်း များနှင့်ပတ်သက်၍လည်းကောင်း၊ မိတ်ဆွေပိုးနှင့် ရန်သူပိုး ကွဲကွဲပြားပြား ခွဲခြားခြင်းတို့အတွက် လည်းကောင်း၊ စိုက်နည်းစနစ်နှင့် စပ်လျဉ်း၍ လည်းကောင်း ပညာရှင်များ၏ တင်ပြချက်များအပေါ် မေးမြန်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

ထိုနောက်ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ အချိန်ပေးတက်ရောက်ပေးကြသည့် တောင်သူများအနေဖြင့် အချိန်ပေးရသည့်အတွက် အကျိုးကျေးဇူးရှိစေရန် ဘက်စုံပိုးမွှား ကာကွယ်နည်းများကိုအချုပ်အားဖြင့်ရောဂါပိုးမွှားဒဏ်ခံနိုင်သည့်မျိုးများကိုအသုံးပြု၍ကာကွယ်နိုင်ကြောင်း၊ စိုက်နည်းစနစ်များအားဖြင့်ကာကွယ်နိုင်ကြောင်း၊ ဇီဝကာကွယ်နှိမ်နည်းနည်း များဖြင့် ကာကွယ်နိုင်ကြောင်းနှင့် နောက်ဆုံးအဆင့် ရောက်မှသာ ဓာတုနည်းဖြင့် ကာကွယ် နှိမ်နည်း နည်းများဖြင့် နှိမ်နင်း နိုင်ကြောင်း ကို မှတ်သားသွားစေလိုကြောင်း၊

မိမိသိရှိလာသည်များကိုလည်း တောင်သူအချင်းချင်း ပြန်လည်မျှဝေပေးလိုကြောင်းပြောကြား ကာ ဘက်စုံပိုးမွှားကာကွယ်နည်းများ Video clip အားပြသခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သီးနှံ)၊ ညွှန်ကြားရေးမှူးများနှင့် သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခဌာနမှူးနှင့် ဆရာ၊ဆရာမများ ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်မှ တိုင်းတာဝန်ခံ၊ ဒုတိုင်း တာဝန်ခံများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် စိုက်ပျိုးရေး ပညာရှင်များ၊ ဖိတ်ကြားထားသော လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် တို့ မှ တောင်သူ(၄၀) ဦး စုစုပေါင်း(၁၂၅)ဦးတို့ တက်ရောက်ခဲ့ကြပါကြောင်းသတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ် ပါသည်။