(၆)ကြိမ်မြောက် တောင်သူပညာပေးဆွေးနွေးပွဲ (Farmers’ Forum)ကျင်းပခြင်း
တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရာတွင် ပိုမိုထိ ရောက်စွာဆောင်ရွက်နိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊စိုက်ပျိုးပညာပေးတာဝန်ရှိသူများနှင့်တောင်သူများအကြားနီးကပ်စွာ ဆွေးနွေး အဖြေရှာဖော်ထုတ်ပေးထုတ်နိုင်ရန်အပတ်စဉ်စနေနေ့တိုင်းကျင်းပပြုလုပ်သည့်(၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကို “ယာသီးနှံများအတွက် ရေလိုအပ်ချက်နှင့် ရေပေးသွင်းစနစ်များဆိုင်ရာဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ(၉)ရက် နံနက်ပိုင်း က စိုက်ပျိုးရေးရေးသုတေသန ဦးစီးဌာန ရေဆင်းရှိ စုဝေးခန်းမ တွင်ကျင်းပခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် နှင့်ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သီးနှံ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ)၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် သုတေသီပညာရှင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်မှ တိုင်းတာဝန်ခံများ၊ ဒုတိုင်းတာဝန်ခံများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် စိုက်ပျိုးရေး ပညာရှင်များ၊ ဖိတ်ကြားထားသော လယ်ဝေးမြို့နယ်မှ ဇေယျာသီရိမြို့ ၊ ဒက္ခိဏသီရိမြို့နယ် ၊ ပျဉ်းမနားမြို့နယ် ၊ ဥတ္တရသီရိမြို့နယ် ၊ ဇမ္ဗူသီရိမြို့နယ်တို့ စုစုပေါင်း တောင်သူ(၆၄) ဦးတက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်က ဒေသရာသီဥတုနှင့် ကိုက်ညီပြီး မြေအမျိုးအစားပေါ်မူတည်၍ သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ရာသီဥတု ပြောင်းလဲ သက်ရောက်လာမှုကြောင့် စိုက်ပျိုးရေရှားပါးလာသဖြင့် ရေခက်ခဲသည့်ဒေသများတွင် လယ်စပါး စိုက်ပျိုးမှုမှ လိုက်လျောညီထွေမှုရှိသည့် အထွက်ကောင်းယာစပါးမျိုးများ ပြောင်းလဲ စိုက်ပျိုးနိုင်ရန် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော လက်တွေ့အသုံးချ သုတေသနများ ဆောင်ရွက်သင့်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများတွင် ကြုံတွေ့ လာရသည့် စိန်ခေါ်မှုများအပေါ် အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်မှုသည် ပဓာနကျသောလုပ်ငန်းရပ်ဖြစ်သည်ကို သတိပြုကြပြီးလူထုလုပ်ရှားမှုအသွင်ဖြင့်ဆောင်ရွက်ကြရန်တိုက်တွန်းပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်က တောင်သူများ တွက်ချေကိုက်ဝင် ငွေရပြီး စိုက်ပျိုးရေအနည်းငယ်သာလိုအပ်သည့် သီးနှံများ၊ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ရေအသုံးချသူများအဖွဲ့(WUG)များအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရေကူးနိုင်သောနည်းလမ်းပေါင်းစုံနှင့် စိုက်ပျိုးအသုံးပြုပြီးသော ရေများကို ရေထုတ်မြောင်းများ၊ ရိုးများမှ အဆင့်ဆင့်ပြန်လည်အသုံးပြုနိုင်ရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ် သွားကြရန်လိုကြောင်းပြောကြားသည်။
ထို့နောက် တောင်သူနည်းပညာဆေွးနွေးပွဲ (Farmers’ Forum)ကို ဆက်လက် ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနတို့မှ ပညာရှင်များက ယာသီးနှံများအတွက် ရေလိုအပ်ချက်နှင့်ရေပေးသွင်းစနစ်များ ၊ စိုက်ပျိုးရေး လိုအပ်ချက်စိန်ခေါ်မှုများနှင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို တင်ပြကြပြီး တောင်သူများနှင့်အပြန်အလှန် နှီးနှောဖလှယ်ဆွေးနွေးကြသည်။
ရာသီဉတုပြောင်းလဲလာမှုကြောင့် ရေခက်ခဲသည့်ဒေသများတွင် လယ်စပါးစိုက်ပျိုးခြင်း မှရာသီဉတုနှင့် လိုက်လျောညီထွေမှုရှိသည့် ရေအနည်းငယ်သာလိုအပ်သော အထွက်ကောင်း ယာစပါးမျိုးများ အစားထိုးစိုက်ပျိုးနိုင်ရန် ၊ယာသီးနှံများအတွက် ရေလိုအပ်ချက်နှင့်ရေပေးသွင်း စနစ်များကို တောင်သူများသိရှိလိုက်နာကျင့်သုံးနိုင်ကြစေရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။