(၃၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပခြင်း
၂၀၂၄ခုနှစ် မေလ(၁၈)ရက် က စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ၊ စုဝေးခန်းမတွင် အပတ်စဉ် စနေနေ့တိုင်းကျင်းပမြဲဖြစ်သည့် (၃၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတစ်ရပ်အား ကျင်းပခဲ့သည်။
အဆိုပါတောင်သူပညာပေးဆွေးနွေးပွဲသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်မှ တက်ရောက်အားပေးခဲ့ပြီး နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီဒီယာအား အင်အားတစ်ခုအဖြစ်အသုံးပြုနိုင်ရေး မျိုး၊နည်းပညာဖြန့်ဝေရေးအတွက် ပညာပေးVideoများဖန်တီးကာ ဒီဂျစ်တယ်(Fb page,You tube Cchannel) မီဒီယာ ကို အသုံးပြု၍ နည်းပညာဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်သွားနိုင်ရေးနှင့် ပန်းတိုင်အထွက်ရရှိရေးအတွက် ထည့် သွင်း စည်းစားရမည့်၊သတိပြုရမည့် အချက်များအားလမ်းညွှန် မှာကြားဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ “နှမ်းသီးနှံပန်းတိုင်အထွက်ရရှိရေးနှင့် မျိုးစေ့ထုတ်လုပ်ခြင်း”ခေါင်းစဉ်ဖြင့် ဒေါက်တာခင်မျိုးဝင်း၊ သုတေသနမှူး၊ ဆီထွက်သီးနှံသုတေသနဌာနစု၊ စိုက်ပျိုး ရေး သုတေသန ဦးစီးဌာန နှင့် ဒေါ်ဇင်မာဦး၊ လက်ထောက်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဆွေးနွေး တင်ပြကြရာ တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး တောင်သူများမှ သိလိုသည်များ အားမေးမြန်း ဆွေးနွေးမှု အပေါ် ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတောင်သူနည်းပညာဆွေးနွေးပွဲသို့ တပ်ကုန်းမြို့နယ်မှ ဖိတ်ကြားထားသော တောင်သူ (၄၀)ဦး၊ ဦးစီးဌာန အသီးသီးမှ ပညာရှင်ဝန်ထမ်း(၆၅)ဦးနှင့် တိုင်နှင့်ပြည်နယ် အသီး သီးမှ Zoom ဖြင့် Online မှ တက်ရောက်သူ (၁၅၀)ဦး၊ စုစုပေါင်း (၂၅၅)ဦး တက်ရာက်ခဲ့ ပါကြောင်း သတင်း မှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။