စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

(၃၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဌာန်းရွက်ဖတ် ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

1
3
6
5
2
4
7
10
9
8
11
1 3 6 5 2 4 7 10 9 8 11

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ကျောက်ပုံဓမ္မစက္ကစေတီတော် (၃၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် အသံမစဲမဟာပဌာန်းပွဲ မဟာပဌာန်းရွက်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ် အောက်တိုဘာ(၂၄) ရက် ညနေပိုင်းက ကျင်းပခဲ့ရာ ရှေးဦးစွာ ဆွမ်းတော်ကြီး ပွဲလှည့်လှည်ခြင်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ သုတေသနဌာနစု မိသားစုများက ပါဝင်လှည့်လှည်ခဲ့ကြပြီး ညနေ(၄)နာရီအချိန် စိုက်ပျိုး ရေးသုတေသန ဦးစီးဌာနမှမိသားစု များ က သံဃာတော်အရှင်သူမြတ်များထံမှ သီလခံယူကာ အတူတကွ တရားနာယူ၍ အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ ကျောက်ပုံဓမ္မစက္ကစေတီတော် (၃၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား စိုက်ပျိုးရေးသုတေသနဦးစီးဌာနမိသားစုဝင် ဝန်ထမ်းများအနေဖြင့် အန္တရာယ်ကင်း၍ ကောင်းကျိုးချမ်းသာမင်္ဂလာများ ဖြစ်ပွားစေရန် အကျိုးငှာ ၂၄.၁၀.၂၀၁၃ မှ၂၉.၁၀၂၀၂၃ ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းမှတ် တမ်းအဖြစ်ဖော်ပြအပ်ပါသည်။