(၃၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဌာန်းရွက်ဖတ်ပူဇော်ပွဲ အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ကျောက်ပုံဓမ္မစက္ကစေတီတော် (၃၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယ ပွဲတော်နှင့်နှင့် အသံမစဲ မဟာပဌာန်းပွဲ မဟာပဌာန်းရွက်ဖတ်ပူဇော်ပွဲ ကို ၂၀၂၃ခုနှစ် အောက်တိုဘာ(၂၄) ရက်ညနေမှအောက်တိုဘာ(၂၉)ရက်နံနက်ထိကျင်းပသွားမည်ဖြစ်ရာ ယနေ့ အောက်တိုဘာ ( ၂၅)ရက် ပထမနေ့တွင် ဘုရားအမှူးရှိသော သံဃာတော်များ အား စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း+ဒေါ်ခင်မြမြလွင် မိသားစုတို့မှ အာရုံဆွမ်းဆက်ကပ်လှူဒါန်း ၍ သံဃာတော်အရှင်သူမြတ်တို့ထံမှ အနုမောဒနာ တရားများ အား ဧည့်ပရိသတ်များနှင့်အတူတကွနာယူခဲ့ကြပါသည်။