စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်း သား/သမီး များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပခြင်း

IMG_9022
IMG_9018
IMG_9008
IMG_9033
IMG_9036
IMG_9039
IMG_9042
IMG_9044
IMG_9053
IMG_9022 IMG_9018 IMG_9008 IMG_9033 IMG_9036 IMG_9039 IMG_9042 IMG_9044 IMG_9053

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရေဆင်းရှိ စုဝေခန်းမတွင် 2022ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူး ရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့် သည့်အခမ်းအနား ကို ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၅)ရက် တွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင် ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဒေါက်တာမင်းစံသိန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(သီးနှံ) ဒေါက်တာ အောင်မိုးမျိုးတင့် နှင့် ညွှန်ကြားရေးမှူးများ၊ ဌာနစု တာဝန်ခံများ ၊ကျောင်းသား မိဘများနှင့် ဆုရကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

ဂုဏ်ပြု ဆုချီးမြှင့် သည့် အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ အဖွင့် အမှာစကား ပြော ကြားရာ ယနေ့ကျင်းပသည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ 2022ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့် သည့် အခမ်း အနား သည် ဂုဏ်ယူဖွယ် ကောင်းသည့် အခမ်း အနားတစ်ခုဖြစ်ပါကြောင်း၊ ဂုဏ်ထူးရ ကျေုာင်းသား/ကျောင်းသူများအား မိမိအနေဖြင့်များစွာဂုဏ်ယူပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်ပြီးနောက် မိမိရည်မှန်းချက်ထားရှိရာ ဘွဲ့ဒီဂရီများရရှိရန် ဆက်လက် ဆည်းပူးရမှာ ဖြစ်ပြီး ဘွဲ့ဒီဂရီအလိုက်နှစ်သက်ရာ လုပ်ငန်းခွင်များတွင် နိုင်ငံတော်အတွက်၊ အများ အတွက် အားကိုးအားထား ပြုရမည့် သူများဖြစ်လာစေရန် ကြိုးပမ်းသွားကြရေးတိုက်တွန်းလိုပါကြောင်း၊

မိမိတို့ဌာနရှိ ဝန်ထမ်းများအနေဖြင့် အားသန်ရာဘာသာရပ်အလိုက် ဝါသနာပါသူ၊ကူညီလိုသူများ စုစည်းကာ စာကျက်ဝိုင်း၊ စာသင်ဝိုင်းများ အဖြစ်ဝိုင်းဝန်း၍ ဝန်ထမ်းမိသားစုမှ ကလေးများအား သင်ကြား ပေးနိုင်မည်ဆိုပါက မိမိတို့စိုက်ပျိုးရေးသုတေသနဉီးစီးဌာန ဝန်ထမ်းမိသားစုများ၏ ပညာရေးကို များစွာ အထောက်အကူပြုနိုင်မည်ဟု မိမိအနေဖြင့် အကြံပြုလိုပါကြောင်း၊ လူ့ပတ်ဝန်းကျင် အသိုင်းအဝန်းတွင် ဆရာထက်တော်သောတပည့် များ ပေါ်ထွန်းလာခြင်းဖြင့် အနာဂတ် ကာလ တိုးတက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလား အလာကောင်း များဖြစ်ပါကြောင်း နှင့် အနာဂတ်ကာလ တိုးတက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအား အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ မှ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ ကြကာ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြ ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန