(၁၃)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum)ကျင်းပခြင်း
၂၀၂၃ခုနှစ် နိုဝင်လာ(၄)ရက်က(၁၃)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum)ကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမတွင် “စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းများဆိုင်ရာဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါ သည်။
အဆိုပါ (၁၃)ကြိမ်မြောက်တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ နေပြည်တော် ပြည်ထောင်စုနယ်မြေမှ တိုင်းတာဝန်ခံနှင့်ဒုတိုင်းတာဝန်ခံများ၊ မြို့နယ်ဦးစီးအရာရှိများနှင့် စိုက်ပျိုးရေးပညာရှင်များ၊ ဖိတ်ကြားထားသော နေပြည်တော်ကောင်စီ(၈)မြို့နယ်တို့မှ တောင်သူဦးကြီးများနှင့် Zoom ဖြင့် Online မှတက်ရောက်သူ (စုစုပေါင်း ၁၃၃ ဦး) တက်ရောက်ခဲ့ကြပါသည်။
အဆိုပါတောင်သူပညာပေးဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနတွင် ကျင်းပပြုလုပ်သည့် Farmers’ Technical Forum (တောင်သူနည်းပညာဆွေးနွေးပွဲ) ပြုလုပ်ခဲ့သည်မှာ (၁၃)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်သည့် တောင်သူ နည်းပညာဆွေးနွေးပွဲသို့ တက်ရောက်ပေးခဲ့သည့် စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်နှင့်တကွတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ(၈)မြို့နယ်မှ တောင်သူဦးကြီးများ အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ယခုကျင်းပပြုလုပ်သည့် Farmers’ Technical Forum (တောင်သူနည်းပညာဆွေးနွေးပွဲ)တွင် စက်မှုလယ်ယာ ဦးစီးဌာနမှ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးသွားမှာ ဖြစ်သည့်အတွက် တောင်သူကြီးများအနေဖြင့် စိတ်ပါဝင်စားစွာ မှတ်သား ကြရန် နှင့် သိရှိလိုသည်များအား မေးမြန်းကြရန် တိုက်တွန်းပါကြောင်း အဖွင့်အမှာစကား ပြော ကြားခဲ့ပါသည်။
ဆက်လက်၍ လယ်ယာမြေဖော်ထုတ်ရေးဌာနခွဲ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးဇော်ဇော် (ဒုတိယညွှန်ကြားရေးမှူး)က စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းများ နှင့်စပ်၍ စက်မှုလယ်ယာစနစ်ကျလယ်မြေများဖော်ထုတ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ စက်မှုလယ်ယာစနစ်ကျလယ်ကွက်များဖော်ထုတ်ရခြင်း ကြောင့်ရရှိ လာမည့် အကျိုးကျေးဇူးများ နှင့်စပ်လျဉ်း၍လည်းကောင်း၊ စီမံကိန်းနေရာရွေးချယ်ရေး အခြေခံမူများ နှင့် ဆက်စပ်၍လည်းကောင်း၊စီမံကိန်းအကောင်အထည်ဖော်ခြင်း အဆင့်များအား လည်းကောင်း၊ အာရှနိုင်ငံများ၏စက်မှုလယ်ယာစနစ်ကျလယ်ကွက်များ၊မြန်မာနိုင်ငံတွင်ဖော် ထုတ်လျက်ရှိသော စက်မှုလယ်ယာစနစ်ကျလယ်ကွက်ပုံစံများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းလုပ်ငန်းအဆင့်ဆင့်နှင့်စပ်လျဉ်း၍လည်းကောင်းတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များအားမေးမြန်းဆွေးနွေးခဲ့ကြ ပါသည်။
ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးမှ တောင်သူများအား ယခုလို တောင်သူနည်းပညာပေးဆွေးနွေးပွဲသို့ အပင်ပန်းခံ၍ တက်ရောက် ပေးခြင်းအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ လယ်ယာမြေမှသည် အဆင့်မြင့်စနစ်ကျ လယ်ယာ မြေစနစ်ကို ဖော်ထုတ်မည်ဆိုပါက တောင်သူများ သဘောတူညီမှုရှိမှသာ ပြုလုပ်၍ ရပါကြောင်း၊ ရေသွင်း/ ရေထုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများ ပြုလုပ်ရသည့်အတွက် အနည်းနှင့် အများ မြေဆုံးရှုံးမှုရှိသည့်အတွက် တောင်သူအားလုံး၏ သဘောတူညီချက်လိုအပ်ကြောင်း၊ စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ပြီးဆုံးသွားလျှင်လည်း ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ မထိန်းသိမ်းပါက ရေသွင်း/ရေထုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများသည် နဂိုမူလအနေအ ထားအတိုင်း ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည့်အတွက် ထိန်းသိမ်းဆောင်ရွက်ကြရန်လို အပ်ကြောင်းတို့ကိုပြောကြားခဲ့ပါသည်။