ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန၊ မြောင်းမြတွင်ဆောင်ရွက်နေသည့် သုတေသနလုပ်ငန်းများအားကွင်းဆင်းကြည့်ရူ့အားပေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ သည် ဇူလိုင်လ(၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)တွင် ဆောင်ရွက်လျက်ရှိသည့် သုတေသနစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ရာ တာဝန်ခံ ဒေါ်ဖြူပြာလွင်မှ ၂၀၂၃-၂၀၂၄ ခုနှစ်မိုးရာသီတွင် ဆောင်ရွက်နေသည့် မိုးစပါးသုတေသနလုပ်ငန်းများ၊ တစ်နှစ် (၃)သီး သီးနှံပုံစံ သုတေသနဆောင်ရွက် ထားရှိမူများ တောင်သူအခြေပြုသုတေသန စခန်းများတွင် တောင်သူနှင့်အတူ သုတေသနပြုဆောင်ရွက်ထားရှိမူများ ဆောင်ရွက်လျက်ရှိသည့် ချဥ်ပေါင်လျှော်နှင့်ဂုန်လျှော် သုတေသနများ နှင့် သုတေသနရလဒ်များအား ရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးချုပ်မှ ကြည့်ရှုစစ်ဆေး၍ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဒေသနှင့်ကိုက်ညီပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့်အပြင် ဈေးကွက်လည်းရှိသည့် စပါးသုတေသနများ ပိုမိုဆောင်ရွက်ရန် ပိုက်ဆံလျှော်သုတေသနများဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။