ဥဇဘက်ကစ္စတန် ဝါမျိုး(၈)မျိုး နှင့် ရွှေတောင်-၁၀ ဝါမျိုး များ ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးခြင်း ကို ရမည်းသင်းမြို့နယ် ၊ရွှေဒါးသာစည်ကျေးရွာ တွင်စမ်းသပ်စိုက်ပျိုးထားရှိခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနစိုက်ပျိုးရေးဦးစီးဌာနရမည်းသင်းမြို့နယ် ရွှေ ဒါး သာစည်ကျေးရွာအုပ်စုတွင် ဥဇဘက်ကစ္စတန် ဝါမျိုး(၈)မျိုး နှင့် ရွှေတောင်-၁၀ ဝါမျိုး များ ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးခြင်း ကို ဆောင်ရွက်ထားရှိပါသည်။
အဆိုပါစမ်းသပ်စိုက်ထားသည့်စိုက်ခင်းတွင်ရွှေတောင်(၁၀)ဝါမျိုးနှင့်ဥဇဘက်ကစ္စတန်ဝါမျိုးများ ဖြစ်သောC-6775 ၊Andijon-36၊Andijon-35 မျိုးများအား ၂ပေ×၆လက်မစိုက်နည်းစနစ်ဖြင့် တစ်ဧကလျှင်အပင်ဦးရေ(၄၃၅၆၀)ဝင်ဆံ့အောင်စိုက်ပျိုးထားပြီး Sulton၊C-8295၊C-8290၊ Namangan-34၊Namangan77မျိုးများအား၂ပေ×၄လက္မစနစ်ဖြင်တစ်ဧကအပင်ဦးရေ (၆၅၃၄၀)ဝင်ဆံ့အောင်စိုက်ပျိုးထားခြင်းဖြစ်ပါသည်။
အဆိုပါစမ်းသပ်စိုက်ပျိုးခြင်းအား “ဝါသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထွက်နှုန်းကောင်းပြီး အရည်အသွေးပါကောင်းသည့်ဒေသနှင့်ကိုက်ညီသောဝါမျိုးများရရှိရေး “ စမ်းသပ်စိုက်ပျိုး ဆောင်ရွက်ထားသည်ဟု သိရှိ ရပါသည်။
အဆိုပါမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် အတွင်းရှိ မျိုး(၈) မျိုး၏ အားသာချက်၊အားနည်းချက်များနှင့် စပ်လျဉ်း၍ ဥဇဘက်ကစ္စတန် ဝါမျိုးများ၏အားသာချက်များသည် အပင်ဦးရေများများ ထည့်စိုက် ၍ရသော အပင် type မျိုးဖြစ်ပါကြောင်း၊ တစ်ဧကတွင် အပင်ဦးရေများများ ထည့်သွင်းစိုက်ပျိုးနိုင်သလို ဒေသမျိုးနှင့်နှိုင်းယှဉ်လျင် ပို၍အသက်လျင် ကြပါ ကြောင်း၊အပင်ငယ်စဉ် မိမိတို့ ဒေသမျိုးနှင့် အပင်ဖြစ်ထွန်းမှုကွာခြားခြင်းမရှိသော်လည်း ၂လသားကျော်အရွယ်တွင် အပင်ထောင်မတ်၍အမကိုင်းများအင်မတန်တိုကာ အသီးစိတ်စိတ နှင့် အသီးအရေ အတွက် များသည်ကိုတွေ့ရပါကြောင်း၊အသီးအရွယ်အစားသည် အပင်အရင်းမှ အဖျားထိ ညီညီညာညာ အသီးလုံး ကြီးသည်ကိုတွေ့ရပါကြောင်း၊ အဆိုပါမျိုးများ၏ အဓိကအားနည်းချက်သည် အရွက်တွင် ရွက်မွှေးပါဝင်မှုနည်းခြင်းကြောင့် စုပ်ပိုးကျရောက်မှုများသည်ကိုတွေ့ရှိရပါကြောင်း၊ ၂လသားမတိုင်မီ အပိန့်၊အပွင့်၊သီးနု အရွယ်၌ သီးလုံးဖောက်ပိုး၊ ခေါင်ညွန့်ထိုးပိုး ကျရောက်မှုလည်းများပါကြောင်း နှင့် အဆိုပါ အားနည်းချက်များအား အားသာချက် ဖြစ်လာအောင် ဆောင်ရွက်နိုင်မည်ဆိုပါက တောင်သူများ၏ ဝါစိုက်ပျိုးထုတ်လုပ်မှုအတွက်အဖိုးမဖြတ်နိုင်သည့် ရလဒ်များ ရရှိနိုင်မည်ဖြစ်ပါကြောင်းတာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့ပါသည်။