စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

အိန္ဒိယ နိုင်ငံနှင့် မြန်မာနိုင်ငံ ကျွမ်းကျင် ပညာရှင်များအကြား ပဲမျိုးစုံနှင့် ကြက်သွန်နီ မျိုးစေ့ တင်သွင်း တင်ပို့ခြင်း ဆိုင်ရာ ဆွေးနွေးပွဲကျင်းပခြင်း

IMG_8794
IMG_8855
IMG_8799
IMG_8784
IMG_8869
IMG_8779
IMG_8794 IMG_8855 IMG_8799 IMG_8784 IMG_8869 IMG_8779

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းရှိ နဝရတ် ခန်းမတွင် အိန္ဒိ ယနိုင်ငံနှင့် မြန်မာနိုင်ငံ ကျွမ်းကျင် ပညာရှင်များအကြား ပဲမျိုးစုံနှင့် ကြက်သွန်နီ မျိုးစေ့ တင်သွင်း တင်ပို့ခြင်း ဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၂၂ ခုနှစ်ဇူလိုင်လ(၁၄)ရက်က တွင် Virtual Meeting ဖြင့် ကျင်းပခဲ့သည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲ သို့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ Deputy Chief of Mission Ms.Nabanita Chakrabarti ၊ Deputy Director General, Research Dr.Arvind Kumar နှင့် ICRISAT မှကျွမ်းကျင် ပညာရှင်များ၊ မြန်မာ နိုင်ငံ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန််ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ ၊ စိုက်ပျိုးရေး ဦးစီး ဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြ ပါသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင်စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက် တာနိုင် ကြည် ဝင်းမှ အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားရာ အိန္ဒိယသံရုံးမှ ပြီးခဲ့သည့်လ၊ ဇွန်လတွင် ၂၀၂၂ ခုနှစ် အတွင်း အရည်အသွေးမြင့် သီးနှံမျိုးစေ့များ၊ဖြစ်သည့် ပဲနီလေး၊ ပဲတီစိမ်း၊ မတ်ပဲ နှင့် ကြက်သွန်နီများ အိနိ္ဒယနိုင်ငံဘက်မှ ပေးပို့ပေးနိုင်သည့် မျိုးစေ့စာရင်းများကို မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းပေးပို့ အကြောင်းကြား လာပါကြောင်း၊

မြန်မာနိုင်ငံတွင် သီးနှံမျိုးများ ဖွံ့ဖိုးတိုးတက်ရေး ဆိုင်ရာသုတေသနများ မြှင့်တင် ဆောင်ရွက်ခြင်း အတွက် အိန္ဒိယနိုင်ငံမှ အရည်အသွေးမြင့် မျိုးစေ့များ စိုက်ပျိုးနိုင်မှုဆိုင်ရာ ဤအခွင့် အရေးကို ကြားသိရသည့်အတွက် မိမိအနေဖြင့် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ ဒီနေ့မှာ တော့ အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံလုံးက သီးနှံ ကျွမ်းကျင်သူများအချင်းချင်း Technical meeting ကျင်းပပြီး အကောင်းဆုံး ဒါမှမဟုတ် ပိုပြီး သင့်လျော်မှုရှိသည့် သီးနှံမျိုး များနှင့် ၎င်းတို့၏ အရည်အချင်းလက္ခဏာများအား နည်းပညာဆိုင်ရာ လိုအပ်ချက် များနှင့် အတူ စိုက်ပျိုး မှုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရေး လိုအပ်သည်များကို ဆွေးနွေး ပေးကြ စေလိုကြောင်း မိမိအနေဖြင့်တိုက်တွန်းလိုပါကြောင်း၊

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ မျိုးစေ့များ တင်ပို့မည် ဆိုပါကမိမိတို့ ဖက်မှ လိုအပ်သော ဥပဒေပိုင်းဆိုင်ရာ အချက်များကို ဆွေးနွေးပေးမှာဖြစ် ပါကြောင်း၊ မျိုးစေ့တင်ပို့ခြင်းနှင့် တင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံနှစ်ခုလုံး၏ တည်ရှိနေေသော စည်းမျဉ်း များနှင့် စည်းကမ်းများကို ကျွန်ုပ်တို့ အနေဖြင့် လိုက်နာနိုင်ပါကြောင်း နှင့် ယခုတေွ့ဆုံမှုတွင် ခင်မင်ရင်းနှီးနွေးထွေးစွာဖြင့် ပူးပေါင်းပါဝင်ပြီး အချိန်ပေးမျှဝေ ဆွေးနွေးပေးခဲ့ကြသည့် အတွက် လည်း အားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဘက်မှ မျိုးစေ့ဥပဒေ၊ အပင်မျိုးသစ်ကာကွယ်ရေးဥပဒေများနှင့် စက်လျဉ်း၍ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ဒေါက်တာပပဝင်းကလည်းကောင်း၊ သီးနှံမျိုး များ germplasm စုဆောင်းဆောင်ရွက်မည့် အစီအစဉ်အတွက် အိန္ဒိယနိုင်ငံမှ ရယူလို သည့်မျိုးများ နှင့်ပတ်သက်၍ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ဒေါက်တာ မာမာဝင်း မှ လည်း ကောင်း၊ မြန်မာနိုင်ငံအတွက် ရယူလိုသည့် ပဲမျိုးများ၊ ကြက်သွန်နီ မျိုးများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးမှလည်းကောင်း ၊ အိန္ဒိ ယနိုင်ငံ ICRISATမှ ကျွမ်းကျင် ပညာရှင်တစ်ဦး မှ ပဲမျိုးစုံနှင့် ကြက်သွန် နီမျိုး စေ့တင်သွင်း တင်ပို့ခြင်းဆိုင်ရာ အကြာင်း အရာ များနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီး အတင်ပြဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ ဆွေးနွေး ချက်များ အပေါ် သုံးသပ်ဆွေးနွေးခြင်းများပြုလုပ်ကာ နေ့လည်ပိုင်းတွင် National Seeds Corporation Limited နှင့်ဆက်လက် တွေ့ဆုံ ဆွေးနွေး ခဲ့ရာ NSC မှ မြန်မာနိုင်ငံဘက်သို့ ရောင်းချ ပေးနိုင်သော မျိုးများနှင့် သုတေသနလုပ်ငန်းများအတွက် သီးနှံမျိုးစေ့ပမာဏ အနည်းငယ် သာမျှဝေပေးနိုင် မည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါသည်။ဆက်လက်၍မြန်မာနိုင်ငံဘက်မှ NSC သို့ လိုအပ်သော germplasm နှင့် မျိုးစေ့များကို email ဖြင့် ပေးပို့၍ အသေးစိတ် အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်း၊ ဝယ်ယူခြင်းတို့အား ဆက်လက် ဆောင်ရွက်သွားရန် ဆုံး ဖြတ် ခဲ့ပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန