စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ၏ သုတေ သနဓာတ်ခွဲခန်းများနှင့်စီမံ ခန့်ခွဲရေးရာများတွင် ISO 9001:2015 QMS စနစ်များနှင့် အညီ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ISO 9001:2015 အား ထပ်မံ သက်တမ်းတိုး ရေးအတွက် ၂၀၂၂ခုနှစ် မေလ(၄) ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင် “ Re-Certification Audit program ISO 9001:2015” အတွက် အစည်း အဝေး တစ်ရပ်ကို ပြုလုပ်ကျင်းပ ခဲ့ပါ သည်။
အဆိုပါအစည်းအဝေးသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက် တာ နိုင်ကြည်ဝင်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ QMR(Quality Management Representative) ညွှန်ကြားရေးမှူး ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ Disease Identification and Microbe Isolation Laboratory၊ Plant Molecular Biology Laboratory၊ Soil and Plant Analysis Laboratory ၊Plant Genetic Resources Conservation and Utilization Laboratory ၊Agricultural Microbiology Laboratory၊ Seed Quality Testing Laboratory (Postharvest)၊ Irrigation Water Quality Laboratory နှင့် Administration Section တို့မှ တာ ဝန်ရှိသူများ၊ ဓာတ်ခွဲခန်းအား (ISO 9001:2015) စဉ်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများနှင့်အညီ လိုက်နာ လုပ်ဆောင် နေသည့် အခြေအနေများ အား စစ်ဆေးပေးမည့် BUREAU VERITAS ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါအစည်းအဝေးတွင်စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မှအဖွင့်အမှာစကား ပြောကြားရာ ဓါတ်ခွဲခန်းများအနေဖြင့် ISO 9001-2015 အသိအမှတ်ပြု လက်မှတ်ရ စံချိန်စံညွှန်းနှင့် အညီဆောင်ရွက်ခဲ့ကြသည်မှာ ၂၉.၅.၂၀၁၉ မှစလျှင် ၃ နှစ်ရှိပြီဖြစ်၍ ဝမ်းသာဂုဏ်ယူပါ ကြောင်း၊ ရရှိထားသော Certificate ISO 9001-2015 Quality Management Scope: Management for Research and Development on Agricultural Farming သည် ၂၈.၅.၂၀၂၂ တွင် သက်တမ်းကုန်ဆုံး မည်ဖြစ်၍ ISO Recertificate ပြန်လုပ်ရမည်ဖြစ်ပါကြောင်း၊
မိမိတို့၏ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဌာနအနေဖြင့် (ISO)လက်မှတ် ရပြီး ယခင်(၃)နှစ် ကာလအတွင်းတွင် ဓာတ်ခွဲခန်းနှင့် ပတ်သတ်၍ (ISO)အဆင့်နှင့် အညီ လိုက်နာ လုပ်ကိုင်နိုင်ခဲ့ ပါကြောင်း၊ (၃)နှစ်တာကာလ တွင်း (ISO)လက်မှတ် ရရှိပြီးသည့် နောက်ပိုင်းတွင် ဇီဝနည်းပညာ၊ ရေအသုံးချရေး၊ မြေဆီလွှာနှင့် မျိုးစေ့ဘဏ်စသည့် ဓာတ်ခွဲခန်းများကို အဆင့်မြှင့် တင်ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ လူစွမ်းအားအရင်းအမြစ်အနေဖြင့်လည်း ဓာတ်ခွဲခန်းနှင့် သက်ဆိုင် သည့် ရာထူး၊ နေရာများကို ယခုအသက်ဝင်နေပြီဖြစ်သည့် ဖွဲ့စည်းပုံ အသစ်တွင် ထည့်သွင်း ရေးဆွဲ ခန့်ထားခဲ့ပါကြောင်း၊ နိုင်ငံတကာသို့ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ.အတွက် ပညာတော် သင် စေလွှတ် ခဲ့သည့် ပညာရှင်များပြန်လည် ရောက်ရှိလာပါကလည်း နိုင်ငံတကာမှ ရရှိလာသည့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဓာတ်ခွဲခန်း အတွေ့အကြုံများကို ပြန်လည် အသုံးချနိုင်ရေး နှင့် ပိုမို တိုးတက်စေရေးကိုလည်းစီမံ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ၊ထိုသို့ဆောင် ရွက်ထား ရှိနိုင်ခဲ့သည့် အတွက် ပိုပိုတိကျခိုင်မာသော သုတေသန ဓာတ်ခွဲခန်း ရလာဒ်များ ရရှိလာကာ တစ်ဖက် မှလည်းတောင်သူများ ၏ အခက်အခဲပြဿနာ များကို တိကျ မှန်ကန်စွာ ဖြေရှင်းနိုင်တဲ့အနေထား တွေကို ရရှိလာမှာဖြစ် ပါကြောင်း၊ နှင့် ဓာတ်ခွဲခန်း တာဝန်ခံများနေဖြင့်လည်း (ISO)အဆင့်နှင့် အညီ စဉ်းမျဉ်း စည်းကမ်းများ ကိုအထူး လိုက်နာကာ ဆောင်ရွက်သွားကြရေးနှင့် စနစ်တကျ အစစ် ဆေးခံကာ နောက်၃နှစ် ဆက်လက် သက်တမ်းတိုး ဆောင်ရွက်ရေး အတွက် အကောင်းဆုံး ဆောင်ရွက် နိုင်ရေး မှာကြားခဲ့ပါသည်။
ဆက်လက်၍ တာဝန်ရှိသူများမှ ISO 9001:2015 အား ဆက်လက် သက်တမ်း တိုး ဆောင် ရွက်ရေးအတွက် လိုအပ်သော စစ်ဆေးမှုများအား ဓာတ်ခွဲခန်းတစ်ခုချင်းဆီအလိုက် မေးမြန်း စစ်ဆေး ခြင်း ပြုလုပ်ခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန