စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

1
4
1
2
3
5
4
5
1 4 1 2 3 5 4 5

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်၊ ဇီဝ နည်းပညာနှင့် သီးနှံကာကွယ်ရေးသုတေသနဌာနခွဲ၊ ဇီဝနည်းပညာသုတေသနဌာနစု မှ တောင်သူ အခြေပြုသုတေသနစခန်း တစ်ခုဖြစ်သည့် လယ်ဝေးမြို့နယ် မဒေါ့ပင်အုပ်စု ၊ ဂုဏ်မင်း မြှောင်ကျေးရွာ တောင်သူဦးတင်လေး၏လယ်မြေတွင် တောင်သူအခြေပြုသုတေသနစခန်းကွက် စမ်းသပ် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် အသက်ရက်တိုသည့် ဆင်းသုခ သက်တမ်းတို စပါးမျိုး လိုင်း များကို တောင်သူများပူးပေါင်းပါဝင် သည့်မျိုးရွေး ချယ်ပွဲအား ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၅ ရက် က ကျင်း ပ ဆောင် ရွက် ခဲ့ပါသည်။

အဆိုပါတောင်သူများပူးပေါင်းပါဝင်သည့် မျိုးရွေးချယ်ပွဲသို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုး စီးပွား၊ စိုက်ပျိုးမွေးမြူရေးစနစ်နှင့် နည်းပညာပြန့်ပွားရေးသုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါ်ခိုင်ခိုင်ထွေး၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာ နှင့် သီးနှံ ကွယ်ရေး သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါ်သက်သက်ဦး၊ ဇီဝနည်းပညာ သုတေသနဌာနစုမှ တာဝန်ခံ ဒေါက်တာသီတာနှင့် သုတေသီ ဝန်ထမ်းများ၊ လယ်ဝေးမြို့နယ် မဒေါ့ပင်၊ ဂုဏ်မင်းမြှောင် ၊ပန်းညိုစန်း၊ ကြိမ်ဖန်၊ အောင်းကြီးကုန်း မရိုးအင်းကျေးရွာများမှ တောင်သူ(၅၀)ဦးတို့ တက် ရောက်ခဲ့ ကြပါသည်။

ရှေးဦးစွာ အခမ်းအနားတွင် ညွှန်ကြားရေးမှူးများမှ အဖွင့်အမှာစကားနှင့် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရသည့် အကြောင်းရင်းများနှင့် သုတေသနဆောင်ရွက်ထားရှိမှုများ အားဆွေးနွေးပြော ကြားပေးခဲ့ပါသည်။ ဆက်လက်၍ ဇီဝနည်းပညာ သုတေသနဌာနစု တာဝန်ခံ မှ ဤသုတေသနပြုလုပ်ရသည့် ရည်ရွက်ချက်နှင့် ဆောင်ရွက်ထားရှိခဲ့ပုံ အဆင့်ဆင့်အား ရှင်းလင်း ဆွေးနွေးပေးခဲ့ကာ တောင်သူများပါဝင် မျိုးရွေးချယ်ရာ တွင် မဲပေးပုံနည်းစနစ်များအား လက်တွေ့ပြသပေးခဲ့ကာ တောင်သူများ ကိုယ်တိုင်ပါဝင် မျိုးရွေးချယ်ပွဲအား ဆင်နွှဲခဲ့ကြပါသည်

အဆိုပါသရုပ်ပြစိုက်ပျိုးခြင်းတွင် သက်တမ်းတိုဆင်းသုခ မျိုး လိုင်း (၄) လိုင်း၊ အား ဝိုင်အမ်အာ-၂၀(YMR-20)၊ဆင်းသုခ၊ ရွှေရီတိုး စသည့် စံထားမျိုးများနှင့် နှိုင်းယှဉ်စိုက်ပျိုးကာ တောင်သူများ အားပူးပေါင်းပါဝင်စေ၍ ကိုယ်တိုင်ရွေးချယ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

သက်တမ်းတိုဆင်းသုခ မျိုး လိုင်း (၄) လိုင်းသည် ဆင်းသုခမျိုးထက် အသက်ရက် (၁၉-၂၂) ရက် ငယ်ပြီး အထွက်နှင့်အထွက်မိတ်ဖက် လက္ခဏာများ သာလွန် ကောင်းမွန် ကာ ဆင်းသုခစပါးမျိုးထက် အသက် ရက်သိသိသာသာငယ်ပြီး စပါးဘက်တီးရီးယား ရွက်ခြောက် ရောဂါဒဏ်ကို လည်းခံနိုင်ရည်ရှိပါကြောင်း သိရှိရပါသည်။

ယခုကွင်းသရုပ်ပြပွဲတွင် အဆိုပါအလားအလာကောင်း သက်တမ်းတိုဆင်းသုခ မျိုး လိုင်း (၄) လိုင်းအနက်တောင်သူများမှ အမှတ်စဉ်(၁) မျိုးလိုင်းအားအကြိုက်နှစ်သက်ဆုံးနှင့် အမှတ်စဉ်(၃) မျိုးလိုင်းအား ဒုတိယ အကြိုက်ဆုံးမျိုး လိုင်းအဖြစ် ရွေးချယ်ခဲ့ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။