အသက်ရက်တိုသည့် ဆင်းသုခ သက်တမ်းတို စပါးမျိုး လိုင်း များအား တောင်သူများပူးပေါင်းပါဝင် ကာ ရွေးချယ်နိုင်ရေး တောင်သူ့စိုက်ကွင်းတွင် ဆောင်ရွက် ခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်၊ ဇီဝ နည်းပညာနှင့် သီးနှံကာကွယ်ရေးသုတေသနဌာနခွဲ၊ ဇီဝနည်းပညာသုတေသနဌာနစု မှ တာဝန်ခံ ဒေါက်တာသီတာဦးဆောင်သည့်အဖွဲ့ သည် အသက်ရက်တိုသည့် ဆင်းသုခ သက်တမ်းတို စပါးမျိုး လိုင်း များအား တောင်သူများပူးပေါင်းပါဝင် ကာ ရွေးချယ်နိုင်ရေး တောင် သူ့စိုက်ကွင်းတွင် သရုပ်ပြ စိုက်ပျိုးရန် ကွင်းဆင်း ၍ စတင်ပျိုးထောင် ခြင်းကို လယ်ဝေးမြို့နယ် ဂုဏ် မင်းမြှောင်ကျေးရွာရှိ တောင်သူ ဦး တင်လေး ၏ အကွက်တွင် ၂၀၂၃ခုနှစ် ဇူလိုင် ၂၆ ရက် က ဆောင် ရွက် ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ တောင်သူများပူးပေါင်းပါဝင်သည့် သက်တမ်းတို ဆင်းသုခ မျိုးလိုင်းများရွေးချယ်ခြင်း သုတေသနအတွက် ဆောင်ရွက်ထားရှိမှုများ၊ ရှေ့ဆက်လက် ဆောင်ရွက် ရမည်များ၊ လိုက်နာရမည့် အချက်များ အားသေချာဆွေးနွေးပေးခဲ့ပါသည်။
အဆိုပါသရုပ်ပြစိုပ်ပျိုးခြင်းတွင် သက်တမ်းတိုဆင်းသုခ မျိုး လိုင်း (၄) လိုင်း၊ အား ဝိုင်အမ်အာ-၂၀(YMR-20)၊ဆင်းသုခ၊ ရွှေရီတိုး စသည့် စံထားမျိုးများနှင့် နှိုင်းယှဉ်စိုက်ပျိုးကာ တောင်သူများအားပူးပေါင်းပါဝင်စေ၍ ကိုယ်တိုင်ရွေးချယ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
အဆိုပါအလားအလာကောင်း သက်တမ်းတိုဆင်းသုခ မျိုး လိုင်း (၄) လိုင်းအား ချောင်းမငယ် ဆည်ရေသောက်ဒေသများဖြစ်သော နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မဒေါ့ပင်၊ အောင်ကြီးကုန်းနှင့် ဂုံမင်းမြှောင်ကျေးရွာများမှ တောင်သူများ ၂၀၂၂ခုနှစ်၊ အောက်တိုဘာတွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတွင် စိုက်ပျိုးထားရှိမှုအား လာရောက်လေ့လာ ကြည့်ရှုပြီးဖြစ်ကြောင်းလည်းသိရှိရပါသည်။
သက်တမ်းတိုဆင်းသုခ မျိုး လိုင်း (၄) လိုင်းသည် ဆင်းသုခမျိုးထက် အသက်ရက် (၁၉-၂၂) ရက် ငယ်ပြီး အထွက်နှင့်အထွက်မိတ်ဖက် လက္ခဏာများ သာလွန် ကောင်းမွန် ကာ ဆင်းသုခစပါးမျိုးထက် အသက် ရက်သိသိသာသာငယ်ပြီး စပါးဘက်တီးရီးယား ရွက်ခြောက် ရောဂါဒဏ်ကို လည်းခံနိုင်ရည်ရှိပါကြောင်း ကိုသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။