စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

အယ်လ်နီညိုဖြစ်စဉ်၏ စိုက်ပျိုးရေးကဏ္ဍတွင် သက်ရောက်မှုအတွက် ကြိုတင်ပြင်ဆင်ရေး စီမံချက်ရေးဆွဲ ထားရှိမှု အပေါ် ဝိုင်းဝန်းဆွေးနွေးခြင်း

2
1
4
3
2 1 4 3

အယ်လ်နီညိုဖြစ်စဉ်၏ စိုက်ပျိုးရေးကဏ္ဍတွင် သက်ရောက်မှုအတွက်ကြိုတင်ပြင်ဆင်ရေး စီမံချက် ရေးဆွဲထားရှိမှုအပေါ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန အောက်ရှိ သုတေသနဌာနစုများ ၊ နယ်သုတေသခြံများ၊ ဒေသသုတေသနဗဟိုခြံဌာနများမှ ဝိုင်းဝန်းဆွေးနွေးကြသည့် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်က ၂၀၂၃ခုနှစ် စက်တင်ဘာ(၂၃)ရက် နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက မြန်မာနိုင်ငံတွင် ၂၀၁၅-၂၀၁၆ ခုနှစ်က ကြုံတွေ့ခဲ့ရသော အားကောင်းသည့် အယ်နီညိုကြောင့် စံချိန်တင် ပူပြင်းခြောက်သွေ့မှုမျိုးကြုံခဲ့ရပါကြောင်း၊ အဆိုပါဖြစ်စဉ် နောက်ပိုင်း၊ သီးနှံပုံစံများ ပြောင်းလဲ စိုက်ပျိုးခြင်းများအား တွေ့ရှိလာခဲ့သလို သက်တမ်းတိုသည့် မျိုးများ၏ အခန်း ကဏ္ဍကလည်းအရေးပါလာခဲ့ပါကြောင်း၊အယ်နီညိုအားတုံ့ပြန်နိုင်မည့် မျိုး၊ နည်းပညာများ အကျိုးရှိစွာ အသုံးချသွားနိုင်ရန် အရေးကြီးပါကြောင်း၊ထို့အတူ မိမိတို့ဌာနအနေဖြင့် အယ်နီညိုအားတုံ့ပြန်နိုင်မည့် ပြည့်စုံကာမိသည့် စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆာင်ရွက်ခြင်းသည်လည်း အလွန်ကို အရေးကြီးပါကြောင်း၊ ယခုရေးဆွဲ ထားသည့် စီမံချက် အပေါ် သုတေသနဌာနစု ၊ နယ်ခြံ အသီးသီး တို့မှ အယ်လ်နီညို ဖြစ်စဉ်အား တုန့်ပြန်နိုင်မည့် မျိုး၊ နည်းပညာ စသည့် ရရှိပြီး သုတေသနရလဒ်များ နှင့်ချိတ်ဆက် ဆက်စပ်၍လည်းကောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှုတို့နှင့် ဆက်စပ် ၍ လည်းကောင်း ဖြည့်စွက် ထည့်သွင်း ပေးစေ လိုပါ ကြောင်း၊၊

ထို့ပြင် အယ်နီညိုအား ရင်ဆိုင်ရချိန် ရေအခက်အခဲနှင့် ကြုံတွေ့ရချိန်တွင် မိမိတို့ သုတေသနများ အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်နိုင်ရေး အဆင်သင့် ဖြစ်နေစေရန် ရေရရှိနိုင်မည့် အရင်းအမြစ်များမှ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထား ရမည် ဖြစ်ပါ ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနဌာနစုများ၊ သုတေ သနခြံများအနေဖြင့် ယခင်က အတွေ့အကြုံ များ ကိုရယူကာ ဘယ်လို ကျော်လွှား ကြမည် ဆို သည်ကို အသေးစိတ်ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊Action,Plan များသေချာ ရေးဆွဲ ဆောင်ရွက်စေလိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တာဝန်ရှိတစ်ဦးမှ အယ်လ်နီညိုဖြစ်စဉ်၏ စိုက်ပျိုးရေးကဏ္ဍတွင် သက် ရောက်မှုအတွက် ကြိုတင်ပြင်ဆင်ရေးစီမံချက် အကြမ်းအား တင်ပြခဲ့ရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာန သုတေသနဌာနစုများ၊ သုတေသနခြံများ မှ တာဝန် ရှိသူများ မှ အယ် နီညို ကြောင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံ တွေ့ရနိုင်သည့် အခက်အခဲများ၊ ကြိုတင်ပြင်ဆင်ထားရှိ မှုများနှင့် ရေးဆွဲထားသည့် စီမံချက်အပေါ် ထပ်မံဖြည့်စွက် အကြံပြုခြင်းများပြုလုပ်ခဲ့ကြပါကြပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်မှ အယ်နီညို၏ အကျိုးသက်ရောက်မှုကြောင့် တောင်သူများ၏ လူမှုစီးပွားဘဝ အပေါ်ထိခိုက်မှုကို ကြိုတင် ကာကွယ်ရန်၊ သဘာဝဘေး အန္တရာယ်များကြောင့် စိုက်ပျိုးရေး ကဏ္ဍတွင် ထိခိုက်ခံစား ရမှုများကို လျော့ပါးသက်သာ စေရန်၊ သဘာဝဘေး အန္တရာယ်ကြောင့် ဆင်းရဲမှု လျှော့ချပေးရန်အတွက် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် အခြားဦးစီး ဌာန များနှင့် ပူးပေါင်း၍ ရာသီဉတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် သီးနှံမျိုး နှင့်နည်း ပညာ များ ပြောင်းလဲအသုံးပြုနိုင်ရေး ဒေသနှင့်ကိုက်ညီသော သီးနှံပုံစံ၊ သီးနှံမျိုးများ ရွေးချယ်စိုက်ပျိုးရေး အကြံပေးခြင်း၊ အသိ ပညာပေးခြင်း၊ ဆွေးနွေးခြင်း၊ လက်တွေ့ ကွင်းဆင်းပြသခြင်း၊ နွေစပါးစိုက်ပျိုးရာတွင် ရေအနည်း လိုစပါးမျိုးများနှင့် ရေငတ် ဒဏ်ခံ စပါးမျိုးများ၊ သက်လျင်စပါးမျိုးများကို ရွေးချယ် စိုက်ပျိုး ရေး ကြိုတင် အသိပေး နှိုးဆော် ခြင်း၊ရေကိုချွေတာနိုင်သော နည်းပညာများ၊ ရေထိမ်းသိမ်းနိုင်သောနည်းပညာများ တောင်သူ များထံ အရောက်ပို့ဆောင်စေရေးအလေးပေးဆောင်ရွက်သွားရန်တိုက် တွန်းပြောကြား ခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော် ပြအပ်ပါသည်။