ဟင်းသီးဟင်းရွက်သုတေသနဌာနစုတွင် ခရမ်းချဉ် အဝါရောင် ရွက်တွန့် ဗိုင်းရပ်စ် ရောဂါ (TYLCD) ဒဏ်ခံနိုင်ရည်ရှိသောမျိုးများရှာဖွေခြင်းသုတေသနဆောင်ရွက်လျက်ရှိခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ဉယျာဉ်ခြံသီးနှံဌာနခွဲ ဟင်းသီးဟင်းရွက် သုတေသန ဌာနစု ကွင်းတွင် ခရမ်းချဉ် အဝါရောင် ရွက်တွန့် ဗိုင်းရပ်စ် ရောဂါ (TYLCD) ဒဏ်ခံနိုင်ရည် ရှိသောမျိုးများရှာ ဖွေခြင်း သုတေသနအား ဆောင်ရွက် လျက်ရှိပါသည်။
အဆိုပါသုတေသနကိုခရမ်းချဉ်အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ်ရောဂါ (TYLCD) ဒဏ် ခံနိုင်ရည်ရှိသော မြန်မာခရမ်းချဉ်မျိုးများအား ရေဆင်းဒေသတွင် ဖြစ်ထွန်းမှုကို ရှာဖွေဖော် ထုတ်ရန်ဟူသည့်ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်။
ထိုသို့သုတေသနပြုဆောင်ရွက်ရာတွင် ကမ္ဘာ့ဟင်းသီး ဟင်းရွက် ဗဟိုဌာန (The World Vegetable Center – AVRDC) မှ ရရှိသော အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ်ရောဂါ (TYLCD) ဒဏ်ခံနိုင်ရည်ရှိဗီဇ (Ty1, Ty2, Ty3, Bwr) များပါဝင်သည့် ခရမ်းချဉ်မျိုး (၂) မျိုး (AVTOV – 1008, AVTOV – 1009)နှင့် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ်ရောဂါ (TYLCD) ဒဏ် ခံနိုင်ရည်မဲ့သော အထွက်ကောင်းဒေသမျိုးများဖြစ်သည့် ကျောက်မဲခေါင်းစိမ်း၊ ထိန်ကန်ကြီးမျိုး တို့အား မျိုးကူးစပ်ရရှိလာသည့် သားဆက်လိုင်းများ အဆင့်ဆင့်မွေးမြူရွေးချယ်ခြင်းကို ၂၀၁၅ မိုးနှောင်းမှစတင်၍ ၂၀၂၁ မိုးနှောင်းရာသီ အထိဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
မိဘမျိုးများနှင့် သားဆက်လိုင်း များ၏ မျိုးရိုးဗီဇပါဝင်မှုကို မော်လီကျူ လာနည်းပညာဖြင့် အတည်ပြုရွေးချယ်ခြင်းလုပ်ငန်းကို ဇီဝနည်းပညာ သုတေသနဌာနစ ုမှစိစစ်အတည်ပြု စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ စမ်းသပ်ဆောင်ရွက် ရာတွင် အဝါရောင်ရွက်တွန့်ဗိုင်းရပ်စ် (TYLCD) ရောဂါဒဏ်ခံနိုင်ရည်ရှိသော ဗီဇ(Ty1, Ty2,Ty3, Bwr) ဗီဇများပါဝင်သည့်သားဆက်လိုင်းများ (၁၀)လိုင်းနှင့်မိဘများဖြစ်သည့် (AVTO-1008, AVTO-1009, ထိန်ကန်ကြီး, ကျောက်မဲခေါင်းစိမ်း) မျိုးတို့အား စံထားမျိုး Perfect Gold (F1) နှင့် ယှဉ်၍ Ramdomized Complete-Block (RCB) ပုံစံ၊ ထပ်ပြုကြိမ် (၃)ကြိမ်ဖြင့် စမ်းသပ် ဆောင်ရွက် လျက်ရှိပါသည်။
အဆိုပါသုတေသန၏ရလာဒ်ကောင်းများအနေဖြင့် ရောဂါဒဏ်ခံနိုင်ရည်ရှိသည့် အလား အလာ ကောင်းသော သားဆက်လိုင်း (၂)မျိုးဖြစ်သည့် မျိုးအမှတ် TYLCV–5 (105,205,305) နှင့် TYLCV-6(106,206,306) မျိုးများအား မျိုးသစ်အသိအမှတ်ပြု လက်မှတ် ရရှိရန် နိုင်ငံတော် မျိုးစေ့ကော်မတီထံ တင်သွင်းခဲ့ပြီး ဖြစ်ပါ ကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန