စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

သုတေသန တိုးတက်မှုအစီရင်ခံစာများနှင့်M&E reporting Format ပါ အချက်အလက်များ ညှိနှိုင်းေဆာင်ရွက်ခြင်းဆိုင်ရာအစည်းအဝေး ကျင်းပခြင်း

DSC06296
DSC06297
DSC06295
DSC06298
DSC06296 DSC06297 DSC06295 DSC06298

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရေဆင်းရှိ နဝရတ်ခမ်းမတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဌာနခွဲအသီးသီးအောက်ရှိ သုတေသနဌာနစုများ၊ ဗဟိုဌာနများ၊ သုတေသနခြံများမှ လက်ရှိ ဆောင်ရွက် လျက်ရှိသည့် သုတေသနလုပ်ငန်းများ၏ ၃လတစ်ကြိမ် တိုးတက်မှုအစီရင်ခံစာများ၊ M&E reporting Format ပါ အချက်အလက်များ ညှိနှိုင်းခြင်းဆိုင်ရာအစည်းအဝေး တစ်ရပ်ကို ၂၀၂၂ခုနှစ် ဇွန်လ (၂၅)ရက် နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာန အသီးသီးတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များတိုးတက်ကောင်းမွန်စေရန်ရည်ရွယ်၍ ဦးစီးဌာနများမှ ၆လ တစ်ကြိမ် M&E အစီရင်ခံစားများတောင်းခံ ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မှစတင်ကာ အကောင် အထည် ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ညွှန်ကြားရေးမှုးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန် ကြား ရေးမှူးများ၊ ဌာနစုတာဝန်ခံ များ၊ ဒေသအသီးသီးရှိ စိုက်ပျိုးရေးသုတေသနခြံများမှ ခြံတာဝန်ခံများ တက်ရောက် ခဲ့ကြပါသည်။ ညွှန်ကြားရေးမှုးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ အဖွင့်စကားပြောကြားရာ ယခုအခါ မိမိတို့၏ သုတေသနများကို Program Project ပုံစံဖြင့်သွားနေခြင်းဖြစ်ပါကြောင်း၊ Project ရေးဆွဲ ချိန်တွင် မိမိတို့၏ target ကို ပြတ်သားတိကျစွာသတ်မှတ်၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သတ်မှတ်ချိန် အတွင်းပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် သုတေသနလုပ်ငန်းများ Program Project ပုံစံဖြင့်သွားရာတွင် လုပ်ငန်းစဉ်များ တွင်ပါဝင်သည့် Output၊ Outcome၊ Indicator များ၊ M&E တို့နှင့် ပတ်သက်၍ သိသင့်သိထိုက်၊ လိုက်နာရမည့်အကြောင်းအရာများအား ပြောကြားပေးခဲ့ပါသည်။

ဆက်လက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် DAR-ADS-M&E Framework ရေးဆွဲရာတွင် ထည့်သွင်း ထားသည့် ထပ်ဆင့်ရလာဒ်(Outcome), ချက်ချင်းရလာဒ် (Output)၊ Outcome နှင့် Output များကို တိုင်းတာ နိုင်မည့် အညွှန်းကိန်း (Indicator) များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် ဌာနစုများ၊ ခြံများ၊ ဗဟိဌာနများ၏ တိုးတက်မှုအစီရင်ခံစာများတင်ပြရန်အတွက်အားလည်းကောင်း ၊ M&E reporting format ပါ အချက်အလက်များ ညှိနှိုင်းဆောင်ရွက်ခြင်းများအားလည်းကောင်း၊ ပြုလုပ်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။

သတင်းစဉ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန