စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

သားတက် ဆင့်ပွားစိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြစိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းအခမ်းအနားကျင်းပခြင်း

4
3
1
2
4 3 1 2

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန စက်မှုလယ်ယာဦးစီးဌာနနှ၊င့်ဆက်စပ်ဌာနများပူးပေါင်းပါဝင် ကျင်းပကြသည့် သားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြစိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းအခမ်း အနားအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ ရှားစေးဖိုကျေးရွာ၌ စပါးသား တက်ဆင့် ပွားစိုက်ပျိုးနည်းပညာ(SALIBU-New Rice Retooning Technology)တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ၂၀၂၃ခုနှစ် ဇွန်လ(၁၂)ရက်နေ့ကကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော် ကောင်စီဉက္ကဌ၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဉီးစီးဌာန၊စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊တိုင်းဦးစီးမှူးများ၊ တာဝန်ရှိသူများ နှင့် ဒေသခံတောင်သူ(၅၀)ဦးတို့တက်ရောက်ကြပါသည်။

အဆိုပါအခမ်းအနားတွင် ကောက် စိုက်စက်ဖြင့်စိုက်ပျိုးခြင်းနှင့်စပ်လျဉ်း၍လည်း ကောင်း၊ စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာ (SALIBU-New Rice Retooning Technology) နှင့် စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းပြသခဲ့ပြီး တောင်သူများသိလိုသည်များကိုလည်း မေးမြန်းကြရာ ပြန်လည်ဆွေနွေး ပေးခဲ့ပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။