သဘာဝဂေဟစနစ်အမှီပြု လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ သရက်ပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ကိုင်းကူးကိုင်းဆက်နည်းပညာ သင်တန်းပို့ချခြင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များဖြန့်ဝေခြင်းဆောင်ရွက်ခြင်း
၂၀၂၂ ခုနှစ် ဩဂုတ်လ(၃၁)ရက်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ထွေး၊ သုတေသနမှူး ဒေါ်လုဘူ၊ သုတေသနအရာရှိ ဒေါက်တာ ထွေးမင်းသန့်နှင့် အဖွဲ့တို့သည် နေပြည်တော်လယ်ဝေးမြို့နယ်ရှိ ချောင်းမငယ်ဆည်ရေသောက်ဒေသများဖြစ်သော မဒေါ့ပင်၊ အောင်းကြီးကုန်း၊ ပန်းညိုစမ်း၊ ဂုဏ်မင်းမြောင်နှင့် ချင်ပြစ်ကျေးရွာများမှ တောင်သူ(၃၅) ဦးအား သရက်ပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ကိုင်းကူးကိုင်းဆက်နည်းပညာများ၊ သဘာဝမြေဩဇာ အသုံးပြုနည်းများကိုသင်တန်းပို့ချခြင်းနှင့် ခရမ်းချဉ်၊ ငရုတ်၊ ကြက်ဟင်းခါး၊ ရွှေဖရုံ၊ ခဝဲ မျိုးစေ့များနှင့် လက်ကမ်းစာစောင်များပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။