သစ်စိမ်းမြေသြဇာအဖြစ်အစိုက်ပျိုးနိုင်သောပဲမျိုးစုံသီးနှံများကွင်းသရုပ်ပြပွဲ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ယာသီးနှံဌာနခွဲ၊ ပဲမျိုးစုံသီးနှံ ဌာနစုမှ ပျဉ်းမနားမြို့၊ စိုက်ပျိုးရေးသိပ္ပံတွင် “သစ်စိမ်းမြေသြဇာအဖြစ်စိုက်ပျိုးနိုင်သော ပဲမျိုးစုံသီးနှံများ” စိုက်ပျိုးပြသသည့် ကွင်း သ ရုပ် ပြပွဲ အခမ်းအနားကို ၁၁.၇.၂၀၂၂ နံနက်ပိုင်း ကကျင်းပ ခဲ့ပါသည်။
ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ယာသီးနှံဌာနခွဲမှ တာဝန်ခံနှင့် သုတေသီ ဝန်ထမ်းများ၊ စိုက်ပျိုးရေးသိပ္ပံပျဉ်းမနားမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက် ရောက် ခဲ့ကြပါသည်။
အဆိုပါကွင်းသရုပ်ပြပွဲအား စိုက်ပျိုးရေးသိပ္ပံ တွင်တက်ရောက် သင်ကြား နေကြသည့် ကျောင်းသူ ကျောင်းသားများအနေဖြင့် မြေဆီ လွှာဂုဏ်သတ္တိများ ရေရှည် ကောင်း မွန်စေရန်၊ သဘာဝ ပတ်ဝန်း ကျင်ညစ်ညမ်းမှုကိုလျော့နည်းစေရန်၊ ဓါတု မြေဩဇာအစား သစ်စိမ်းမြေဩဇာအစား ထိုး စိုက်ပျိုး အသုံးပြုခြင်းဖြင့် လက်ရှိ တောင်သူများ ကြုံတွေ့နေရသော ဓါတ်မြေဩဇာ ရှားပါးမှု၊ ဈေးနှုန်း ကြီးမြင့်မှုတို့ကို တစ်ဖက် တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်စေရန် သစ်စိမ်းမြေ သြဇာအဖြစ် အသုံး များသည့် ပဲမျိုးရင်း သီးနှံများဖြစ်သည့် ပိုက်ဆံလျှော် အပြင်အခြားသော ပဲမျိုးများ အားပိုမို သိရှိစေရန် စိုက် ပျိုး ပြသခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပဲမျိုးစုံဌာနစုတာဝန်ခံ ဒေါက်တာ မာမာဝင်းမှ ပဲတစ်မျိုးချင်းဆီ အလိုက် ရရှိနိုင်သည့် အဟာရဓာတ်များ၊ ပဲပင်၏ အမြစ်များတွင် ပါရှိ သည့် Nodule(အမြစ်ဖု) များ၏ နိုက်ထရိုဂျင်ဖမ်းယူရာတွင်အရေးပါမှု များကို ရှင်းလင်းပြသပေးခဲ့ပါသည်။
ကွင်းသရုပ်ပြပွဲတွင် ပဲမျိုးရင်း ဝင်သီးနှံများဖြစ်သည့် ပိုက်ဆံလျှော်၊ ပဲလွမ်း၊ ပဲပိစပ်၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲယင်းနီ၊ ပဲစာဉ ၊ပဲပုပ်၊ ပဲစင်းငုံ၊ ပဲဇောင်းလျား၊ ပဲကြီး၊ ပဲနီလုံး၊ ပဲလိပ်ပြာ၊ ပဲထောပတ်၊ ပဲဇီးကွက်၊ ပဲဒလက်၊ မြေနိမ့်ချယ်ရီ စသည်တို့အား သရုပ်ပြစိုက် ပျိုးပြ သခဲ့ပါကြောင်း သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန