စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

လူငယ်သုတေသီများအတွက် Plants’ Doctor Program စတင်ဆောင်ရွက်ခြင်း

DSC00765
1
DSC00756
DSC00746
DSC00752
DSC00755
DSC00744
DSC00750
DSC00754
DSC00765 1 DSC00756 DSC00746 DSC00752 DSC00755 DSC00744 DSC00750 DSC00754

စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ လူငယ်သုတေသီများအတွက် သုတေသနများ ဆောင် ရွက်ရာတွင် အသိပညာ၊အတတ်ပညာပြည့်ဝသည့်ကျွမ်း ကျင် လိမ္မာသည့် သုတေသန ပညာ ရှင်များ ပေါ် ထွန်း လာစေမည့် Plants’ Doctor Program အား ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စတင် အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ Plants’ Doctor Program အားစတင် သည့်နေ့တွင် လူငယ်သုတေသီများအား နိုင်ငံအတွက် အရေးပါဆုံးသီးနှံဖြစ်သည့် စပါးသီးနှံသုတေသန များဆောင်ရွက်လျက်ရှိသည့် စပါးသီးနှံသုတေသန ဗဟိုဌာန ကွင်းအတွင်း ၂၀၂၂ မိုးရာသီတွင် အထွက်နှုန်း၊အရည်အသွေးနှင့် အဟာရဆိုင်ရာ စပါးသီးနှံသုတေသနများဆောင်ရွက်ရန်၊ ရာသီဉတုနှင့် လိုက်လျော ညီထွေ ရှိစေမည့် စပါး သီးနှံ မျိုးမွေးမြူ ရေး လုပ်ငန်းများသုတေသနပြုဆောင်ရွက်ရန်၊ စိုက်ပျိုး နည်းစနစ် ဆိုင်ရာသုတေသန လုပ်ငန်များဆောင်ရွက်ရန် ၊ ဗီဇမျိုးသန်.စင်သော မျိုးကောင်း မျိုးသန့်များ ထိန်းသိမ်း ပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိသည့် စပါးမျိုး မွေးမြူ ရွေးချယ်ခြင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လေ့လာကြရာ တာဝန် ရှိသူများမှ လက်တွေ့ ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခဲ့ကြပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစိးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း မှ Plants’ Doctor Program အားစတင် သည့် အထိမ်းအမှတ်အဖြစ် လူငယ် သုတေသီများ အားအမှာစကား ပြောကြားရာ စိုက်ပျိုးရေး သုတေသနဦးစီးဌာနသည် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ စိုက်ပျိုး ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး လုပ်ငန်း များအား ဆောင်ရွက်လျက်ရှိရာ၊ လူငယ် မျိုးဆက်သစ် စိုက်ပျိုးရေး ပညာရှင်များ၏ သုတေသန စွမ်းဆောင်ရည် မြှင့်တင်ရေးသည်လည်း အရေးပါသည့် အခန်းကဏ္ဍ တစ်ရပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သုတေသန လက်ထောက် (၄) တာဝန် နှင့် သုတေသနလက်ထောက် (၄) ကျောထောက်နောက်ခံပြု အလုပ် သင်တာဝန် ထမ်းဆောင် လျက်ရှိသည့် သုတေသနဝန်ထမ်းများအတွက် “အနာဂတ်တွင် စွမ်းဆောင်ရည် မြင့်မားသော သုတေသန ပညာရှင်များ ပေါ်ပေါက်လာရေး” အတွက် ရည်ရွယ်၍ Plants’ Doctor Program အစီအစဉ် ကိုဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း။

အဆိုပါအစီအစဉ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းစနစ်များ၊ သီးနှံကာကွယ်ရေး နည်းစနစ်များ၊ မှတ်တမ်းကောက်ယူခြင်းနည်းစနစ်များ၊ အပင်ကြီးထွားဖွံ့ဖြိုးမှုနှင့် အပင်ဇီဝ ကမ္မဗေဒဖြစ်စဉ်များကို စာတွေ့လက်တွေ့လေ့လာခြင်းနှင့်အတူ တောင်သူများ၏ လူမှုဘဝ အခြေ အနေ စစ်တမ်းကောက်ယူလေ့လာခြင်းများအားကျွမ်းကျင်တတ်မြောက်အောင် စာတွေ့ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း။

လက်တွေ့လေ့လာရာတွင် အဓိကသီးနှံ (၁၀) မျိုးဖြစ်သည့် စပါး၊ ပြောင်းဖူး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ဝါနှင့် ခရမ်းချဉ်တို့ကို အိုးဖြင့်စိုက်ပျိုး၍ ကိုယ်တိုင်စနစ်တကျလေ့လာခြင်း၊ သီးနှံနှင့်နည်းပညာ သုတေသနဌာနများသို့ သွားရောက် လေ့လာခြင်းနှင့် သက်ဆိုင်ရာသီးနှံနှင့် နည်းပညာဌာနများမှ ပညာရှင်များဖိတ်ကြား၍ သင်ကြားပေးမည်ဖြစ်ခြင်းကြောင့် စိတ်ပါဝင်စားစွာ လေ့လာသင် ယူစေလိုပါကြောင်း၊ အပင်၏ရုပ်သွင်ပြင်လက္ခဏာများ အား လေ့လာရာတွင် အပင်ကြီးထွားမှု အဆင့်ဆင့် ပြောင်း လဲမှုများကို လေ့လာရမည်ဖြစ်သောကြောင့် နေ့စဉ် မျက်ခြေမပြတ် စေပဲ အပင်၏ ပြောင်းလဲမှုများကို ဝီရိယရှိစွာ၊ စိတ်ရှည်စွာ ၊စိတ်ပါဝင်စားစွာဖြင့် တစိုက်မတ်မတ် လေ့လာ သွားရမည်ဖြစ်ပါကြောင်း၊ အထူးကျွမ်း ကျင်သည့် သုတေသန ပညာရှင် တစ်ယောက်ဖြစ်ရန် အပင်၏ သဘာဝကို သိရှိနားလည်ထားရန်သည် အခြေခံကျသည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊

သီးနှံမျိုးတစ်မျိုးအား အထူးပြုလေ့လာ၍ ကျွမ်းကျင်သည့် သုတေသနပညာရှင်တစ်ယောက်ဖြစ်လာရေးတွင် ရောဂါ၊ပိုးမွှား၊ ပေါင်းမြက် နှင့် ရာသီဥတုနှင့် ဆိုင် သည့် အရာများပါအထူးလေ့လာထားရမည် ဖြစ်ပါကြောင်း၊ စာများများဖတ်၍ လက်တွေ့ လည်း လုပ်ဆောင်ရမည်ဖြစ်ပြီး စဉ်းစားတွေးခေါ်ခြင်းဖြင့် မိမိတို့ကိုယ်တိုင် လေ့လာရမည် ဖြစ်သလို အများနှင့် နှီးနှော၊ဆွေးနွေးခြင်း အပြန်အလှန် မျှဝေခြင်းများ လည်း ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။

ထို့အပြင် အထူး ဝိရိယထားကာ တစိုက်မတ်မတ် လုပ်ကိုင် တတ်သည့် အချိန်ကိုအကျိုးရှိရှိ အသုံးချ တတ်သည့် အလေ့အကျင့် များလည်း ရှိနေရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အရည်အသွေးပြည့်ဝသည့် သုတေသန သနပညာရှင် တစ်ယောက်အဖြစ် မှတ်ကျောက်တင်ခံနိုင်ကာ ထူးခြားကောင်းမွန် အသုံးဝင်လှသည့် သုတေသန ရလဒ် များကို အများအတွက် ထုတ်ဖော်ပေးနိုင်မည် ဖြစ်ပါကြောင်း နှင့် ဤ Plants’ Doctor Program မှ ထူးချွန်၍ စွမ်းဆောင်ရည်မြင့်မားသည့် သုတေသန ပညာရှင်များ မွေးထုတ် ပေးနိုင်ဟုလည်း မိမိအနေဖြင့် ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။