လုပ်ငန်းခွင် အကြိုသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲ ကျင်းပခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ စုဝေး ခန်းမတွင် လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်း ပွဲအခန်းအနားကို လူစွမ်းအား အရင်းအမြစ်ဌာန၏ အစီအစဉ်ဖြင့် ဇွန်လ(၂၁)ရက်နေ့ ညနေ ပိုင်းက ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းစံသိန်း(နည်းပညာ) နှင့် ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့်(သီးနှံ) ၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံ များနှင့် စက်မှုလယ်ယာ ဦးစီးဌာန၊ မွေးမြူရေးသုတေသနဦစီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ သင်တန်းသား စုစုပေါင်း (၅၈)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းအား လုပ်ငန်းစတင်ဝင်ရောက်လျက်ရှိသည့် ဝန်ထမ်းများအား လုပ်ရည် ကိုင်ရည်၊ စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်၊ အရည်အသွေးပြည့်ဝသည့် ဝန်ထမ်းကောင်းများ ဖြစ်လာ စေရန်နှင့် အစိုးရဝန်ထမ်းများ၏ ဥပဒေ၊ နည်းဥပဒေပါလိုက်နာ ဆောင်ရွက်ရမည့် ဝန်ထမ်းကျင့်ဝတ် ဝတ္တရားဆိုင်ရာ အခြေခံများ၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရာထူးအဆင့် လုပ်ငန်းအဆင့်အလိုက် လုပ်ငန်းတာဝန် TOR များ ကျွမ်းကျင် ပိုင်နိုင်စွာ သိရှိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ရှေးဦးစွာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာ ဝန် ထမ်း တစ်ဦး ဖြစ်လာချိန်၊ သုတေသီတစ်ဦး ဖြစ်လာချိန်တွင်သိရမည့် သုတေသန ပိုင်းဆိုင်ရာလုပ်ငန်းများ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာလုပ်ငန်းမျာ၊ ငွေစာရင်းပိုင်းဆိုင်ရာလုပ်ငန်းများ၊ လူမှုဆက်ဆံရေးဆိုင်ရာလုပ်ငန်းများ၊ ခေါင်ဆောင်မှုဆိုင်ရာ အပိုင်းများ၊ လိုက်နာရမည့်နည်း ဥပဒေများသိရှိရန်လိုအပ်ပါကြောင်း၊ သုတေသီ များအနေဖြင့် သုတေသီ လုပ်ငန်း များကိုအဓိက တာဝန်ယူ ဆောင်ရွက်ရသော်လည်း ငွေစာရင်းပိုင်း ကိုသိရှိထားသင့်သလို ငွေစာရင်း ဝန်ထမ်း များအနေဖြင့်လည်း သုတေသနတွင်အသုံးပြုမည့်ငွေစာရင်းများကို ဆောင် ရွက်ရသည် ဖြစ်သည့်အတွက် သုတေသန၏ သဘောသဘာဝကို သိရှိရန်လိုအပ်ပါကြောင်း၊ အဆိုပါ လိုအပ်ချက်များအား ပြည့်စုံစွာ ဖြည့်ဆည်းပေးရန် ယခုသင်တန်းအား ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီးမိမိတို့ ဌာနမှသာမက အခြားသောသက်ဆိုင်ရာဌာနများမှ ဆရာ၊ ဆရာမများကိုပါ ဖိတ်ကြား၍ သင်ကြားပို့ချပေးခဲ့ ပါကြောင်း၊
သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်းလေ့လာခဲ့သည့် သင်တန်းနှင့်ဆိုင်သည့် အတွေ့အကြုံ၊ဗဟုသုတများကို မှတ်သားထားဖို့လိုအပ်သလို သင်တန်းပြီးဆုံးပြီးနောက် လည်းဆက်လက် လေ့လာ သွားကာ ယခုထက်ပို၍ သိရှိအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ၊ယခုသင်တန်းအားအောင်မြင်စွာတက်ရောက်ပြီးစီးပြီးနောက်စိုက်ပျိုးရေးသုတေသနပိုင်းဆိုင်ရာများကို ခြုံငုံ သိရှိကာ မည်သို့သော သုတေသနတွေဆောင်ရွက်ရမယ်ဆို သည့် သုတေသနရှေးရှုသော အတွေး အမြင်များ ရရှိ ခဲ့ကြမယ်လို့ယုံကြည်မိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်း ကာလတလျောက် စာတွေ့ ပိုင်းရော လက်တွေ့ပိုင်းတွင်ပါ တက်တက် ကြွကြွဖြင့် စိတ်ပါဝင်စားစွာ တက်ရောက် ခဲ့ကြသည့် အတွက်လည်း မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ သင်ကြား ပေးခဲ့ကြသည့် ဆရာ ဆရာ မ များ ကိုလည်း မိမိအနေဖြင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန ကိုယ်စား အထူးကျေးဇူး တင်ရှိ ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာမင်းစံသိန်းမှ သင်တန်းသားများအား လုပ်ငန်းခွင်ဝင်၍ ဘဝခရီးလမ်းဆက်လက်လျှောက်လှမ်းရာတွင် ဘဝအောင်မြင်ရေး အတွက် လွန်စွာအရေးပါသည့် “အချိန်ကို လေးစားပါ၊ ဝီရိယရှိပါ၊ စာဖတ်ပါ” ဆိုသည့် အချက်(၃)ချက် ကိုလိုက်နာ ကျင့်သုံးဖို့ အထူးမှာကြား လိုပါကြောင်းပြောကြားကာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုးမျိုးတင့်မှလည်း သင်တန်းသား များအား လူသားများအနေဖြင့် အသက်ရှင်နေစဉ် ကာလတလျှောက် နောက်ဆုံးအချိန်ထိ လေ့လာမှုပြုလုပ် သွားကြရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သိသင့်သိထိုက်သည်များကိုသင်ကြားပေးခဲ့ခြင်းဖြစ်ကာ တတ်ဖို့ဆိုလျှင်ကို လက်တွေ့ ဆောင်ရွက် ရမည်ဖြစ်သောကြောင့် သိပြီးလျှင်တတ်မြောက်အောင် သင်ပေး လိုက် သည့် အသိပညာ ဗဟုသုတများကိုအသုံးချသွားရမည်ဖြစ်ကြောင်းပြေားကြားခဲ့ပါသည်။
ထို့နောက် သင်တန်းတွင်ဆုရရှိခဲ့ကြသည့် သင်တန်းသားများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကာ တင်တန်း သား တစ်ဦးမှသင်တန်းကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး သင်တန်း ဆင်းပွဲ အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန