စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(၂/၂၀၂၃)သင်တန်းဆင်းပွဲကျင်းပခြင်း

untitled-4
untitled-5
untitled-3
untitled-6
untitled-7
untitled-12
untitled-4 untitled-5 untitled-3 untitled-6 untitled-7 untitled-12

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ စုဝေး ခန်းမတွင် လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ (၂၇)ရက်နေ့ ညနေပိုင်းကကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါက်တာ မင်းစံသိန်း နှင့်  ဒုတိယညွှန်ကြားရေးမှူးချုပ် (သီးနှံ) ဒေါက်တာအောင်မိုးမျိုးတင့် ၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊  မွေးမြူရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းနိုင် ထွန်း နှင့်တာဝန် ရှိသူများ၊ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ သင်တန်းသား/ သူများ၊ သင်တန်းဆရာများ တက်ရောက်ခဲ့ကြပါသည်။

            သင်တန်းဆင်းပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အမှာစကား ပြောကြားရာ မျိုးဆက်သစ်ဝန်ထမ်းများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ဝါသနာပါ၍ ဝင်ရောက် ခဲ့ကြပြီး မိမိဝါသနာကိုလက်တွေ့အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ စာများများဖတ်ရန်နှင့် သုတေသနတွေ့ရှိချက်များအား တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များအား ဖြန့်ဝေ ပေးရန်လိုအပ်ပါကြောင်း၊ ကာယအား၊ညာဏအားသုံးပြီး အားသွန်ခွန်စိုက်ဆောင်ရွက်စေလိုကြောင်း၊ သင်တန်းကာလသည် ()ပတ်တာတိုတောင်း သော်လည်း သင်ခန်းစာများအား စုံစုံလင်လင် ထည့်သွင်း ပေးထားကြောင်း၊ ဗဟိုဝန်ထမ်း တက္ဍသိုလ်နှင့်ချိတ်ဆက်ကာ Online ဖြင့်သင်ကြားစေခဲ့ပြီး နယ်ခြံများ နှင့်ရုံးချုပ်ဝန်ထမ်းများအား နည်းပညာများဖလှယ်နိုင်ကြစေရန် အတူတကွသင်ကြားစေခဲ့ကြောင်း၊ သင်တန်းမှ သင်ကြား ပေးခဲ့သည် များအား ပြန်လည်လေ့လာပြီး ရရှိလာသည့် အသိပညာ ဗဟုသုတ များအားအချင်းချင်းဖလှယ်ကြရန်လိုအပ်ကြောင်း၊ သင်တန်းတွင် အဖွဲ့အစည်းနှင့်နေထိုင် စား သောက် တတ်စေရန်အတွက်လည်း နေရေး၊ စားရေးပြင်ဆင်ပေးထားပါကြောင်း၊ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီနေထိုင်ပြောဆိုကြရန်နှင့် မိမိတာဝန်ကြရာနေရာအသီးသီးမှာ အောင်မြင်မှု့ရလဒ်ကောင်း များရရှိရန် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပေးခဲ့ပါသည်။

            ဆက်လက်၍ ဆုရရှိသည့်သင်တန်းသား/သူများအား ဆုများအသီသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ပါကြောင်းကို သတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။