စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

လယ်ယာမြေဉပဒေများအကြောင်း သိကောင်းစရာများ တောင်သူ နည်းပညာပေးဆွေးနွေးခြင်း

4
1
3
6
2
5
4 1 3 6 2 5

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီး ဌာနရှိ စုဝေးခန်းမ၌ လယ်ယာမြေဉပဒေများ အကြောင်းသိကောင်းစရာများ တောင်သူ နည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် တောင်သူများ၏ အခက် အခဲများကိုသက်ဆိုင်ရာ ပညာရှင်များက ပူးပေါင်းဆွေးနွေး အဖြေရှာပေးရန်အတွက် အပတ်စဉ် ကျင်းပလျက်ရှိပြီး ဆွေးနွေးပွဲသို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသက်နိုင်ဦး၊စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများ၊ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဇေယျာသီရိမြို့ နယ်၊ ဉတ္တရသီရိမြို့နယ်နှင့် ပုဗ္ပသီရိမြို့နယ်တို့မှ တောင်သူများတက်ရောက်ပြီး ဆွေးနွေးပွဲတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က မိတ်ဆက်စကား ပြောကြားပြီး မြေယာဌာနခွဲ(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းလွင်က လယ်ယာမြေဉပဒေပြဌာန်းခြင်း၏ ရည်ရွယ်ချက်များ၊ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးဉပဒေ ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ထုတ်ပေးခြင်းအကြောင်း အရာများနှင့် အခွင့်အရေးများ၊ စည်းကမ်းချက်များကို မလိုက်နာပါက အရေးယူခြင်းအကြောင်း၊ နစ်နာကြေးနှင့် လျော်ကြေးများအကြောင်း ၊ အမွေဆက်ခံသောလယ်ယာမြေနှင့် လုပ်ငန်းများ ၊ လယ်ယာမြေအခြားနည်း သုံးစွဲခွင့်များအကြောင်း၊ အငြင်းပွားမှုဖြေရှင်းခြင်းနှင့် စနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်း ၊ ကန်ထရိုက်လယ်ယာစနစ် လုပ်ထုံးလုပ်နည်းများ အကြောင်းကို ဦးဆောင်ဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာသည့်တောင်သူများက လယ်ယာမြေကိစ္စရပ်များတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးရာ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခြင်းများ‌ဆောင်ရွက်ခဲ့ကြပါ‌‌ကြောင်းသိရသည်။