စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

“လန်ချန်း-မဲခေါင်ဒေသတွင်းရှိ စပါးသီးနှံအရည်အသွေးအတွက် ခြေရာခံစနစ်ထူထောင်နိုင်ရေးဆိုင်ရာ နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲ” တက်ရောက်ခဲ့မှု အတွေ့အကြုံများ မျှဝေခြင်း

DSC01269
DSC01273
DSC01272
DSC01270
DSC01278
DSC01271
DSC01281
DSC01279
DSC01282
DSC01280
DSC01283
DSC01284
DSC01269 DSC01273 DSC01272 DSC01270 DSC01278 DSC01271 DSC01281 DSC01279 DSC01282 DSC01280 DSC01283 DSC01284

 တနင်္လာနေ့ အပတ်စဉ် စာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒေါက်တာဥမ္မာခင်သည် “လန်ချန်း-မဲခေါင်ဒေသတွင်းရှိ စပါးသီးနှံအရည်အသွေးအတွက် ခြေရာခံစနစ်ထူထောင်နိုင်ရေးဆိုင်ရာ နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲ” တက်ရောက်ခဲ့မှု အတွေ့အကြုံများ မျှဝေခြင်း ခဲ့ပါသည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲကို ဆန်စပါး ကုန်သွယ်မှုစျေးကွက် ယှဉ်ပြိုင်ရာတွင် ခြေရာခံစနစ် အကြောင်းနှင့် ယင်းစနစ်၏ အရေးပါပုံတို့ကို အစိုးရအဖွဲများနှင့် ဆန်စပါးအသင်း အဖွဲ့များအနေဖြင့် နားလည်သဘောပေါက်မှု တိုးတက် လာစေရန် ရည်ရွယ်၍ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီးမင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့မှ (၇) ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲသို့ မဲခေါင်မြစ်ဝှမ်းဒေသတွင်း (၆)နိုင်ငံအနက် တရုတ်နိုင်ငံမှ Online ဖြင့် တက်ရောက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်(၄)ဦး၊ လာအိုနိုင်ငံမှ ကိုယ်စားလှယ် (၅)ဦး၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်(၃)ဦး၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်(၄)ဦးနှင့် ဗီယက်နမ်နိုင်ငံမှကိုယ်စားလှယ်(၃)ဦး၊ Mekong Institute မှ တာဝန်ရှိသူ (၃)ဦးနှင့် ထိုင်းနိုင်ငံ၏ Rice Department မှ ကိုယ်စားလှယ် (၇)ဦး စုစုပေါင်း (၂၉)ဦး တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

                ခြေရာခံစနစ်တွင် Blockchain နည်းပညာကို အသုံးပြု၍ ထုတ်လုပ်မှု ကွင်းဆက်တလျှောက် အဆင့်တိုင်းမှ မှတ်တမ်းကို လေ့လာ သုံးသပ် နိုင်ပြီး ဈေးကွက်ခိုင်မာစေရေး ဆောင်ရွက်ရာတွင် အသုံးဝင်ကြောင်း၊ Blockchain နည်းပညာကို အသုံးပြုထားသော TraceThai သည် ဩဂဲနစ် စိုက်ပျိုးထုတ်လုပ်သူ တောင်သူကိုယ်တိုင် အချက်အလက်များ ဖြည့် စွက်၍ အချိန်နှင့် တပြေးညီ ခြေရာခံနိုင်မည်ဖြစ်ပြီး အားသာချက်မှာ အရည်အသွေးသတ်မှတ်ချက် စံနှုန်းများနှင့် အသိအ မှတ်ပြုထောက်ခံချက်များကို အတုအပ ပြုလုပ်၍ မရနိုင်ဘဲ ခြေရာခံစနစ်တွင် (၂၄) နာရီ Real-Time စစ်ဆေးနိုင်ကြောင်း သိရှိခဲ့ရပါသည်။ ကမ္ဘာ့ဆန်ကုန်သွယ်မှုဈေးကွက်သည် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မား သော ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို တောင်းဆိုနေပြီဖြစ်သဖြင့် ဈေးကွက်ထိုးဖောက်နိုင် စွမ်းအားကို မြှင့်တင်ရန် လန်ချန်း-မဲခေါင် ဒေသတွင်းနိုင်ငံများသည် အလားအလာကောင်း များ ရှိနေသဖြင့် အရေးပါသည့် စပါးသီးနှံဆိုင်ရာ စံချိန်စံနှုန်းသတ်မှတ်ချက်များနှင့် ခြေရာခံစနစ် အသုံးပြုနိုင်ရန် ကောင်းမွန်သော ခြေလှမ်းတစ်ခု ဖြစ်ပါသည်။ စားသုံးသူများအနေဖြင့် အဆိုပါခြေရာခံစနစ်ကိုအသုံးပြုရာ၍ ကုန်ပစ္စည်း၏ သတင်း အချက်အလက်၊ တည်နေရာ၊ သုံးစွဲခဲ့သည့်သွင်းအားစုများ၊ လိုအပ်သော ရိတ်သိမ်း၊ ထုပ်ပိုး၊ သယ်ယူပို့ဆောင်၊ လက်ခံ၊ သိုလှောင်၊ ရောင်းချမှု အချက်အလက်များ ခြေရာခံ စစ်ဆေး နိုင် မည် ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ Blockchain နည်းပညာကို အသုံးပြုကာ သတင်း အချက်အလက်များ ရယူခြင်း/ဖလှယ်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း၊ သတင်းအချက် အလက်လုံခြုံမှုပေးခြင်း၊ ထောက်ခံချက်လက်မှတ်များအား လိမ်လည်၍ အတုပြုလုပ်မှု များကို ကာကွယ်ပေးခြင်း၊ ပွင့်လင်းမြင်သာမှုရှိစေခြင်း၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ် လျှောက် အချက်အလက်များကို အကာအကွယ်ပေးထိန်းချုပ်ခြင်း စသည့် တို့ပါဝင်သည့် ကောင်းမွန်သော စနစ်ဖြစ်ကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။