စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်းတွင် ဆောင်ရွက်လျက်ရှိသည့် သုတေသနများအား ကွင်းဆင်းစစ်ဆေးခြင်း

4
5
6
1
2
3
4 5 6 1 2 3

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် ဇူလိုင်လ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် စိုက်ပျိုး ရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်းတွင် ဆောင်ရွက်လျက်ရှိသည့် သုတေသနစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ရာ တာဝန်ခံ ဒေါက်တာဝင်းဝင်းနွယ်မှ ဆောင်ရွက်လျက်ရှိသည့် သက်လျင်နှင့်သက်လတ် ဆီထွက်နှင့် ပရိုတင်းဓါတ်ပါဝင်မှုများသော ပဲပုပ်သုတေသနများစိုက်ပျိုး ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းပြသခဲ့ပါသည်။

ထို့နောက် ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်း ၏ ဓါတ်ခွဲခန်းအတွင်း ခင်းကျင်းပြသ ထားသော ပဲပုပ်၊ ယာစပါး၊ ဂျုံ မျိုးများအားလည်း ကောင်း၊ မယ်ရစ်စတန် တစ်သျှူးကာချာနည်းဖြင့် မျိုးအာလူးထုတ်လုပ်နေပုံအဆင့်ဆင့်အား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းပြသခဲ့ပါသည်။ ဆက်လက်၍ ဓါတ်ခွဲခန်းအတွင်း အာလူးတစ်သျှုးများမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ အဟာရရည်ဖျန်းစနစ် (အေရိုပိုးနစ်) နည်းပညာဖြင့် G0 ထုတ်လုပ်နေမှု၊ G0 မှ G1 အဆင့် မျိုးအာလူးများအား မြေလွှာမဲ့စနစ်ဖြင့် ထုတ်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်ဖြည့်ဆည်းပေးခဲ့ပါသည်။