ရိတ်သိမ်းချိန်လွန်နည်းပညာ သုတေသနဌာနစုသို့ လူငယ်စိုက်ပျိုးရေးသုတေသီများသွားရောက်လေ့လာခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရိတ်သိမ်းချိန်လွန်နည်းပညာသုတေသနဌာနစု (၃.၁၁.၂၀၂၂)ရက်က လူငယ်စိုက်ပျိုးရေးသုတေသီများမှ သွားရောက်လေ့လာခဲ့ရာပြုလုပ်နေသောသုတေသနလုပ်ငန်းများအနက်မှ မျိုးစေ့များ၏ အရည်အသွေး စမ်းသပ်ခြင်း၊ သီးနှံများရိတ်သိမ်းပြီး နေရောင်ခြည်သုံး အခြောက်ခံကိရိယာ (Solar Bubble Dryer) ဖြင့် အခြောက်ခံခြင်း၊ ထုပ်ပိုး သိုလှောင်ခြင်း သုတေသနလုပ်ငန်များ၊ ကြက်သွန်နီ၊ ငရုတ်သီး၊ မြေပဲ၊ ခရမ်းချဉ်၊ ထောပတ်သီး၊ ကျွဲကောသီးနှံများရိတ်သိမ်းပြီးနောက်ပိုင်း အရည်အသွေးလေ့လာသည့် သုတေသနများအကြောင်း ကို တာဝန်ရှိသူမှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တန်ဖိုးမြှင့်ထုတ်ကုန်သုတေသနလုပ်ငန်းများတွင် သရက်သီးအမျိုးမျိုး၊ နာနတ်သီး၊ထန်းရည်၊စောင်းလျားသီးတို့မှ ဝိုင်ထုတ်လုပ်သည့် နည်းလမ်းကိုလေ့လာသည့်သုတေသန၊ ဝိုင်ထည့်သွင်း သိုလှောင်ရာ ပစ္စည်းနှင့် ဝိုင်၏အရည်အသွေးကို လေ့လာသည့် သုတေသနများအကြောင်းနှင့် သီးနှံအရည်အသွေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တို့၏အရည်အသွေးကို ဓာတ်ခွဲစမ်းသပ်သည့် စက်ကိရိယာများနှင့် စမ်းသပ်နည်းများကို ရှင်းလင်းပြသခဲ့မှုများအပေါ် လူငယ်သုတေသီများမှ စိတ်ပါဝင်စားစွာ လေ့လာကြပြီး သိလိုသည်များအား စူးစမ်းမေးမြန်းခြင်းများပြုလုပ်ခဲ့ကြပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။