စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ရမည်းသင်းမြို့နယ် တောင်သူ့စိုက်ကွင်း တွင် ဆင်းသုခ သက်တမ်းတို စပါးမျိုး လိုင်း များအား တောင် သူများ ပူးပေါင်းပါဝင်မျိုးရွေးချယ်ခြင်း

4
5
2
1
3
4 5 2 1 3

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်၊ ဇီဝ နည်းပညာနှင့် သီးနှံကာကွယ်ရေးသုတေသနဌာနခွဲ၊ ဇီဝနည်းပညာသုတေသနဌာနစု မှ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်း ဆောင် ရွက်မှု တစ်ခုဖြစ်သည့် ရမည်းသင်းမြို့နယ် အင်ကြင်း ကန်ကျေးရွာအုပ်စု ၊ တောင်သူဦးစိုးခိုင် ၏ လယ်မြေတွင် စမ်းသပ် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် အသက်ရက်တိုသည့် ဆင်းသုခ သက်တမ်းတို စပါးမျိုး လိုင်း များကို တောင်သူများ ပူးပေါင်းပါဝင် သည့်မျိုးရွေး ချယ်ပွဲအား ၂၀၂၃ခုနှစ် နိုဝင်ဘာ၁၆ ရက်ကကျင်းပ ဆောင် ရွက်ခဲ့ပါသည်။

အဆိုပါတောင်သူများပူးပေါင်းပါဝင်သည့် မျိုးရွေးချယ်ပွဲသို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ မျိုးစေ့ ဘဏ်၊ ဇီဝနည်းပညာ နှင့် သီးနှံ ကာကွယ်ရေး သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါ်သက်သက်ဦး၊ ဇီဝနည်းပညာ သုတေ သနဌာနစုမှ တာဝန်ခံ ဒေါက်တာသီတာနှင့် သုတေသီ ဝန်ထမ်းများ၊ စီပင်စိုက်ပျိုးရေးသုတေသနခြံမှ ခြံတာဝန်ခံ ဒေါ်ခင်ပပအေးနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ရမည်းသင်း ခရိုင်ဦးစီးမှူးဦးကြည်လင်၊ မြို့နယ် ဦးစီးမှူး ဦးအောင်မျိုးသန့်နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်း သင်း မြို့နယ်၊ ရွှေဒါးကျေးရွာအုပ်စုမှ အင်ကြင်းကန်၊ ရွှေဒါး၊ ကုလားမြော၊ သာစည်၊ ဘုမ္မ၊ ကုတင် စသော ကျေးရွာများမှ တောင်သူ(၂၈)ဦး၊ စုစုပေါင်း (၅၆)ဦး တို့တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာ နှင့်သီးနှံကာကွယ် ရေးသုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်သက်သက်ဦး နှင့်စိုက်ပျိုးရေးဦးစီး ဌာန၊ ရမည်းသင်း ခရိုင်ဦးစီးမှူး ဦးကြည်လင်တို့မှ အဖွင့် အမှာစကား ပြောကြား ခဲ့ကြပါသည်။

ဆက်လက်၍ ဇီဝနည်းပညာ သုတေသနဌာနစု တာဝန်ခံ မှ ဤသုတေသနပြုလုပ်ရသည့် ရည်ရွက် ချက် နှင့် ဆောင်ရွက် ထားရှိခဲ့ပုံ အဆင့်ဆင်အား ရှင်းလင်း ဆွေးနွေးပေးခဲ့ကာ တောင်သူများပါဝင် မျိုးရွေးချယ်ရာ တွင် မဲပေးပုံ နည်းစနစ်များအား လက်တွေ့ပြသပေးခဲ့ကာ တောင်သူများ ကိုယ်တိုင်ပါဝင် မျိုးရွေးချယ်ပွဲအား ဆင်နွဲ ခဲ့ကြပါသည်

အဆိုပါသရုပ်ပြစိုက်ပျိုးခြင်းတွင် သက်တမ်းတိုဆင်းသုခ မျိုး လိုင်း (၄) လိုင်း၊ အား ဝိုင်အမ်အာ-၂၀ (YMR-20)၊ဆင်းသုခ၊ ရွှေရီတိုး စသည့် စံထားမျိုးများနှင့် နှိုင်းယှဉ်စိုက်ပျိုးကာ တောင်သူများ အားပူးပေါင်းပါဝင်စေ၍ ကိုယ်တိုင်ရွေးချယ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

သက်တမ်း တိုဆင်းသုခ မျိုး လိုင်း (၄) လိုင်းသည် ဆင်းသုခမျိုးထက် အထွက်နှင့် အထွက်မိတ်ဖက် လက္ခဏာများ သာလွန် ကောင်းမွန် ကာ ဆင်းသုခစပါးမျိုးထက် အသက်ရက် သိသိ သာသာ ငယ်ပြီး စပါး ဘက်တီး ရီးယား ရွက်ခြောက် ရောဂါဒဏ်ကို လည်းခံနိုင်ရည် ရှိပါကြောင်း သိရှိရပါသည်။

ယခုကွင်းသရုပ်ပြပွဲတွင် အဆိုပါအလားအလာကောင်း သက်တမ်းတိုဆင်းသုခ မျိုးလိုင်း (၄) လိုင်း အနက် တောင်သူများမှ အမှတ်စဉ်(၁) မျိုးလိုင်းအားအကြိုက်နှစ်သက်ဆုံးနှင့် အမှတ်စဉ်(၂) မျိုးလိုင်းအား ဒုတိယ အကြိုက် ဆုံးမျိုး လိုင်းအဖြစ် ရွေးချယ်ခဲ့ ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။