စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့၏ (၄၀)ကြိမ်မြောက် အစည်းအဝေးသို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန မှ ပါဝင်တက်ရောက်ဆွေးနွေးခြင်း

4
2
1
3
4 2 1 3

မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့၏ (၄၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဇူလိုင် (၁၃) ရက် က ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း၊ မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့ ဒုဥက္ကဋ္ဌ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းနှင့် အဖွဲ့ ဝင်များ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြေသြဇာ ဆိုင်ရာနည်းပညာအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးအစည်းအဝေးတွင် ၃၈ ကြိမ်မြောက် မြေဩဇာကော်မတီ အစည်းအဝေးထိ မြေဩဇာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးပြီးစီးမှုအခြေအနေများအားလည်းကောင်း၊

အကြိမ်(၄၀)မြောက် မြေဩဇာဆိုင်ရာအဖွဲ့ အစည်းအဝေးတွင် အမှာစာ(၁) ဖြစ်သည့် သုတေ သနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ Potasium Nitrate နှင့် Calcium Nitrate Fertilizer တို့တွင် ပေါက်ကွဲ စေနိုင်သည့် Nitarate ပါဝင်မှု ရာခိုင်နှုန်းနှင့် စပ်လျဉ်း၍သဘောထားမှတ်ချက် ပြန်ကြားခြင်းအား တင်ပြခြင်း အားလည်း ကောင်း၊

အမှာစာ(၂)ဖြစ်သည့် မြေဩဇာကော်မတီသို့ လျှောက်ထားသော ထုတ်လုပ် မှတ်ပုံတင်လျှောက် လွှာ(၁၅၂)စောင် တင်သွင်းမှတ်ပုံတင်လျှောက်လွှာ (၂၆၁)စောင်အားတင်ပြခြင်း အားလည်းကောင်း၊

အမှာစာ(၃)ဖြစ်သည့် အညွှန်းတွင်ဖော်ပြထားသော အဟာရဓာတ်ပါဝင်မှုနှင့် ကိုက်ညီမှုမရှိသည့် မြေဩဇာများအား တင်ပြခြင်း၊

အမှာစာ(၄)ဖြစ်သည့် ရွက်ဖျန်းမြေဩဇာ စမ်းသပ်ကွက်ဆောင်ရွက်မှုများအား တင်ပြခြင်းများအားလည်းကောင်း ဆောင်ရွက်ခဲ့ရာ

တက်ရောက် လာကြသည့် မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့ဝင်များဖြစ်သည့် စိုက်ပျိုးရေးဦးစီး ဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီးစိုက်ပျိုးရေး သုတေသနဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် ဒေါက်တာနိုင်ကြည် ဝင်းမှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးအောင် မြင် စွာကျင်းပပြီးစီးခဲ့ပါကြောင်း သတင်း မှတ် တမ်း အဖြစ် ဖော်ပြအပ်ပါသည်။