စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် သရုပ်ပြစိုက်ပျိုးထားသောသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)အား ထယ်မှောက်ခြင်း အခမ်းအနားကျင်းပခြင်း

1.2
1.5
1.1
1.4
1.6
1.3
1.2 1.5 1.1 1.4 1.6 1.3

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဥယျာဉ်ခြံသီးနှံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက် သုတေ သနဌာနစုတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရေးအတွက် စိုက်ပျိုးထားရှိသော သဘာဝသစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) စိုက်ခင်းများအား ထယ်မှောက်ခြင်းအခမ်းအနားကို (၁.၆.၂၀၂၃) နေ့နံနက်ပိုင်း က ကျင်းပ ခဲ့ပါသည်။

အဆိုပါ ပိုက်ဆံလျှော်စိုက်ခင်းများအား စပါးပြီးစပါး၊ ဟင်းသီးဟင်းရွက် ပြီးဟင်းသီးဟင်းရွက် စသည်ဖြင့် မျိုးရင်းတူသည့် သီးနှံများဆက်တိုက်စိုက်ပျိုးခြင်းဖြင့် ရင်ဆိုင်ရနိုင် သည့်   မြေဆီလွှာ ပင်ပန်း၊ဆုတ်ယုတ်လာခြင်း၊ ပိုးမွှား ရောဂါများ အလွယ်တကူကျရောက်နိုင်ခြင်းတို့အားကာကွယ် ရန်ရည်ရွယ်၍ သရုပ်ပြ စိုက်ပျိုးထားရှိ ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးသုတေ သနဦးစီးဌာနမှ ဥယျာဉ်ခြံသီးနှံ သုတေသနဌာနခွဲ ညွှန်ကြားရေးမှူးဒေါက်တာခင်သိန်းညွန့်၊ စိုက်ပျိုးရေးဆိုင်ရာ သဘာဝ အရင်းအမြစ်များဌာနခွဲညွှန်ကြားရေးမှူး ဒေါက်တာ မော်မော်သန်း၊ ဟင်းသီးဟင်းရွက် သုတေသနဌာနစုတာဝန်ခံ ဒေါ်သိင်္ဂီမြင့်နှင့် သုတေသီဝန်ထမ်းများ၊ ဇေယျာသိရိမြို့နယ် သာယာစု၊ စိမ်းစားပင်၊ သရက်သမိန်၊ ရွာသစ်၊ သာယာကုန်း၊ မွန်းတည့်ခွင် ကျေးရွာများမှ  တောင်သူကြီးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်ရှေးဦးစွာ ဥယျာဉ်ခြံသီးနှံသုတေသနဌာနခွဲ ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကား ပြောကြားရာ ယခုကွင်းသရုပ် ပြပွဲသည် ပိုက်ဆံလျှော်စိုက်ခင်းများအား ၄၅ရက်သားတွင် ထယ်မှောက်ခြင်းဖြင့် ရရှိနိုင် သည့် အကျိုးကျေးဇူးများအားမျှဝေပေးရန်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊  ထယ်မှောက်ခြင်းအားဖြင့် မြေဆီ လွှာဂုဏ်သတ္တိများ ရေရှည်ကောင်းမွန်စေပြီး သဘာဝ ပတ်ဝန်း ကျင်ညစ်ညမ်းမှုကိုလျော့နည်းစေကာ ဓါတုမြေဩဇာအစား သစ်စိမ်း မြေဩဇာအစား ထိုး စိုက်ပျိုး အသုံးပြုခြင်းဖြင့် လက်ရှိတောင်သူများ ကြုံတွေ့ နေရသော ဓါတ်မြေဩဇာ ရှားပါးမှု ဈေးနှုန်း ကြီးမြင့်မှုတို့ကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင် ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဆိုင်ရာသဘာဝအရင်းအမြစ်များ ဌာနခွဲညွှန်ကြားရေးမှူး မှလည်း သီးနှံများ ကိုစိုက် ပျိုးရာတွင်မျိုးကောင်းမျိုးသန့်သာမက စိုက်ပျိုးသည့် မြေသည်လည်း အဓိက သော့ချက်အနေဖြင့် အရေးကြီးပါကြောင်၊ သီးနှံများစိုက်ပျိုးရာတွင် မြေဆီလွှာမှ မြေဆီ ဩဇာများကိုစုပ်ယူသုံးစွဲကြရာ ဓာတ် မြေဩဇာများကို ပြန်လည်ထည့်သွင်းသုံးစွဲကြရပါကြောင်း၊ ယခုအခါ တွင် အဆိုပါ  ဓာတ် မြေဩဇာ များကို ထည့်သွင်းသုံးစွဲခြင်းသည် ‌စေျးနှုန်းကြီးမြင့်ခြင်း၊ အစားအစာဘေးကင်းလုံခြုံရေးတွင် ဓာတ်ကြွင်းအန္တရာယ် ရှိခြင်း စသည့်အကြောင်းရင်းများ ကြောင့် သီးနှံတစ်ခုစိုက်ပြီးနောက်သီးနှံတစ်ခုမစိုက်မှီမြေအားလပ်ချိန်တွင် သုံးစွဲထားသည့် မြေဆီဩဇာ အဟာရဓာတ်များအားပြန်လည်ဖြည့်တင်းသည့် အနေဖြင့် ပိုက်ဆံလျှော်၊ ပဲမျိုးစုံ (အထူးသဖြင့်ပဲလွမ်း)သီးနှံများစိုက်ပျိုးပြီးမြေမြုပ်ပေးသည့် စနစ်အား  မိမိတို့အနေဖြင့် သုတေသန ပြုလုပ်ရှာဖွေထားပြီးဖြစ်ပါကြောင်း၊ပိုက်ဆံလျှော် သီးနှံအားစိုက်ထားပြီး(၄၅ -၆၀)ရက်သားတွင် ထယ်ထိုး မြေမြုပ်မည်ဆိုပါက အကျိုးအရှိဆုံးဖြစ်သည်ကို တွေ့ရှိထားပြီး ဖြစ်ပါကြောင်း၊  ပိုက်ဆံလျော် သည် သစ်စိမ်း မြေဩဇာ အဖြစ်လူသိများသည့်  မတ်ပဲ၊ ပဲလွမ်း တို့ကဲသို့ ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါကြောင်း၊ ပဲမျိုးရင်း ဝင်ပင်များ၏ ထူးခြားသည့် သဘာဝအရ ပါရှိသည့် မြစ်ဖုလေးများထဲတွင် အကျိုးပြု ဘက်တီးရီး ယားများ ရှင်သန်နေထိုင် ပါကြောင်း၊  ၎င်းဘက်တီးရီး ယားများသည် လေထဲမှနိုက်ထရိုဂျင်ကို ဖမ်းယူ ပေးပြီး မြေဆီ ဩဇာ များကိုတိုးပွားစေပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ဟင်းသီးဟင်းရွက်သုတေသနဌာနစုတာဝန်ခံမှ မိမိတို့၏သုတေသနဌာနစု တွင် သစ်စိမ်း  မြေဩဇာ (ပိုက်ဆံလျှော်)စိုက်ပျိုးရသည့်ရည်ရွယ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ တောင်သူများ အနေဖြင့် စိုက်ပျိုးသင့်သည့် အချက်များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း ပြောကြားပေးခဲ့ပြီး တာဝန်ရှိသူ တစ်ဦးမှလည်း ပိုက်ဆံလျှော် စိုက်ပျိုးချိန်မှ ထယ်ထိုးမြေမြုပ် ချိန်ထိ ဆောင်ရွက်ခဲ့ပုံအဆင့်ဆင့် များအားရှင်းလင်းပြသ ခဲ့ပါသည်။ ထို့နောက်တက်ရောက်လာ ကြသည့်တောင်သူကြီးများက သိလိုသည်များ ကိုမေးမြန်းကြရာ တာဝန်ရှိသူများကပြန်လည် ဆွေးနွေး ဖြေကြားပေးခဲ့ပါ ကြောင်းနှင်သစ်စိမ်းထယ်မှောက်ခြင်း အား သရုပ်ပြခဲ့ပါကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။