မျိုးသစ်မွေးမြူ ထုတ်လုပ်ခြင်း မဟာဗျူဟာ ပြောင်းလဲနိုင်ရေး ဆွေးနွေးခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ရေဆင်းရှိ နဝရတ်ခန်းမတွင် မျိုးသစ်မွေးမြူ ထုတ်လုပ်ခြင်း မဟာဗျူဟာ ပြောင်းလဲနိုင်ရေး အတွက် မျိုးမွေးမြူရေး ပညာရှင်များမှ တင်ပြဆွေးနွေးခြင်းကို ၂၀၂၃ခုနှစ် ဇန်နဝါရီ (၂၃) ညနေပိုင်းက ပြုလုပ် ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သီးနှံနှင့်နည်းပညာ သုတေသနပညာရှင်များ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနအောက်ရှိ တိုင်း ဒေသကြီး၊ ပြည်နယ်အသီးသီးမှ ခြံတာဝန်ခံများ (on line, off line) တက် ရောက်ခဲ့ကြပါသည်။
ညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှ အမှာစကားပြောကြားရာ ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ယခုအသုံးပြုခဲ့သည့် တောင်သူများ ပူးပေါင်း ပါဝင်သည့် မျိုးမွေးမြူခြင်း မဟာဗျူဟာ (Participatory Plant Breeding)မှ ပိုမို သင့်တော် ကောင်းမွန်သည့် မျိုးမွေးမြူခြင်း မဟာဗျူဟာသို့ ပြောင်းလဲရန် လိုအပ် လာပြီဖြစ်ပါကြောင်း၊ မျိုးသစ်မွေးမြူခြင်းမဟာဗျူဟာ ပြောင်းလဲမည်ဆိုပါက ယခင်က မိမိတို့ထုတ်ဝေထားသည့် မျိုးများအပေါ် တောင်သူများအသုံးပြုမှု၊ လက်ခံမှု များအား ပြန်လည်ဆန်းစစ် သုံးသပ်ရန် လိုအပ်ပါကြောင်း၊ သီးနှံမျိုးများ ဖွံ့ဖြိုး တိုးတက်မှုအတွက် သီးနှံမျိုးများ မျိုးကူးစပ်မွေးမြူသူများ အနေဖြင့်လည်း သွေးဝေးသောမျိုးများဖြင့် မျိုးကူးစပ်ခြင်းမှတဆင့် လိုလားအပ်သော /ထူးခြားသော အရည် အချင်းလက္ခဏာများ ပါဝင်သော မျိုးများ ရရှိနိုင်ရေး မိမိတို့နိုင်ငံရှိ မျိုးစေ့ ဘဏ်နှင့် အခြားရရှိနိုင်သည့် အရင်း အမြစ်များမှ ရယူကာ ကြိုးပမ်းကြရန် လိုအပ် ပါကြောင်း၊
မိမိတို့အနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ကဏ္ဍအားလည်း စနစ်တကျ ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အဆိုပါအရင်းအမြစ်များသည် မျိုးမွေးမြူထုတ်လုပ်ခြင်းမဟာဗျူဟာ ပြောင်းလဲနိုင်ရေး နှင့် သီးနှံမျိုးများ ဖွံ့ဖြိုး တိုးတက်မှုအတွက် အောင်မြင်စွာ အကောင်အထည် နိုင်ရေးတွင် စွမ်းအားရှိသော အားကိုးရမည့် အင်အား တစ်ရပ် ဖြစ်ပါကြောင်း၊ မိမိတို့ဌာနမှမွေး ထုတ်ပေးခဲ့သည့် သီးနှံမျိုးကူးစပ် မွေးမြူထုတ်လုပ်ခြင်း နှင့်သက်ဆိုင်သည့် ပညာရှင်များ အနေဖြင့်လည်း မိမိတို့ တတ်မြောက်ခဲ့သည့် အတတ်ပညာများအား အသုံးချကာ သီးနှံမျိုးများ ဖွံ့ဖြိုး တိုးတက်မှု အတွက် ကြိုးစားဆောင်ရွက်ကြရန်နှင့် မိမိတို့အလုပ်အပေါ် သစ္စာစောင့် သိကာ စေတနာထား၍ ဆောင်ရွက် စေလို ပါကြောင်း၊
မိမိတို့ဌာန အောင်မြင်တိုးတက်ရေးအတွက် ပြောင်းလဲသင့်သည်များကို ပြောင်းလဲ ဆောင်ရွက် လျက်ရှိရာ ဖွဲ့စည်းပုံ အသစ်ပြင်ဆင်ခြင်း၊ လူသားအရင်း အမြစ်ဖွံ့ဖြိုးရေးအတွက် စနစ်တကျဆောင်ရွက်ခြင်း ၊ ထူးချွန်ထက်မြက်သော လူငယ် သုတေသီများ မွေးထုတ်ပေးနိုင်ရေးအတွက် လူငယ်သုတေသီအသင်းများ ဖွဲ့စည်းပေးခြင်း၊ အလုပ်ချိန်၊အလုပ်စည်းကမ်းများစနစ်တကျလိုက်နာစေရေး စသည့် ကောင်းမွန်သည့် စနစ်များကို အောင်မြင်စွာပြောင်း လဲပေးနိုင်ခဲ့ပါကြောင်း၊ ပြောင်းလဲသည်ဆိုရာတွင် စနစ်ပြောင်းလဲခြင်းနှင့်အတူ သုတေသီများ၏ စိတ်နေ သဘောထားများ စနစ်တခုနှင့်အတူထပ်တူကျ ပြောင်းလဲလာဖို့က အလွန်ကို အရေးကြီး ပါကြောင်းနှင့် ယခုပြုလုပ်သည့်ဆွေးနွေးပွဲ သည် ပြောင်းလဲလာသည့် ခေတ်နှင့် အညီ ယခု အသုံးပြုနေသော တောင်သူများပူးပေါင်းပါဝင်သည့် မျိုးမွေး မြူခြင်း မဟာဗျူဟာ (Participatory Plant Breeding)မှ စျေးကွက်ဦးတည်သည့် မျိုးမွေး မြူခြင်း မဟာဗျူဟာ (Demand-Led Breeding )သို့ ပြောင်း လဲမည် ဆိုပါက စီမံချက် ရေးဆွဲရန် လိုအပ်ပါကြောင်း၊ စီမံချက်၌ Protocol တစ်ခုလိုပါကြောင်းနှင့် ၎င်း၌ ဘာကြောင့်၊ ဘယ်သူ့အတွက်၊ဘာလို့်၊ ဘယ်လို အကောင်အထည် ဖော်ဆောင် ရွက်မည် ဆိုသည့်အချက်များကိုသိရှိပြီး သီးနှံမျိုးမွေးမြူရွေးချယ်သူများအနေဖြင့် အမှန် တကယ် လိုအပ်ချက် များကိုအခြေခံကာ ပြည့်စုံ ကောင်းမွန်သည့် တွေးခေါ် စဉ်းစားမှုများ နှင့် လက်တွေ့အအကောင် အထည်ဖော်နိုင်ရေးအတွက် ရည်ရွယ် ရန် လိုပါကြောင်း၊ ပြောင်းလဲပါကလည်း မည်သည့် အတိုင်းအတာကို စတင်ပြောင်း လဲနိုင်မည် ဆိုသည်ကိုလည်း ထည့်သွင်းစဉ်းစားကြရန် လိုအပ်ပါ ကြောင်း ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ဒေါက်တာပပဝင်းမှ သီးနှံမျိုးများဖွံ့ဖြိုးတိုးတက်ရေးတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များကိုတင်ပြ ဆွေးနွေးပေးခဲ့ပြီး စပါးသီးနှံ ဗဟိုဌာန၊ ဆီထွက်သီးနှံ သုတေသနဌာနစု၊ ပြောင်းနှင့်အခြားနှံစား သီးနှံသုတေ သနဌာနစု၊ ပဲမျိုးစုံသီးနှံသုတေသနဌာနစု၊မျိုးစေဘဏ်ဌာနစု၊ သစ်သီးဝလံဌာနစု တို့မှ သီးနှံမျိုးများ ဖွံ့ဖြိုး တိုးတက်မှုအတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ ပြောင်းလဲဆောင်ရွက်ရာတွင် ထပ်မံ ဖြည့်တင်းဆောင်ရွက်မည့် အချက်များ အား အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြရာ ညွှန်ကြား ရေးမှူးချုပ်ဦး ဆောင်သည့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သက် ဆိုင်ရာ ပညာရှင်များ မှ သီးနှံမျိုးတစ်မျိုးချင်းဆီ အလိုက် သီးနှံမျိုးများ ဖွံ့ဖြိုး တိုးတက်မှု အတွက် သီးနှံမျိုးသစ် မျိုးမွေးမြူရေး မဟာဗျူဟာပြောင်းလဲသွားရန် အားနည်းချက်၊အားသာချက် များ ကို သုံးသပ်ခြင်းနှင့် ထပ်မံထည့်သွင်း စဉ်းစားသင့်သည်များအား အကြံပြု လမ်းညွှန်မှုများ ပေးခဲ့ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။