စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

မတူညီသောရာသီနှစ်ခု၌ ဖြုတ်ညိုအပေါ်တွင် ပိုးသတ်ဆေးအရောများ၏ အစွမ်းအာနိသင်များစမ်းသပ်‌ခြင်း

untitled-5
untitled-7
untitled-1
untitled-9
untitled-10
untitled-2
untitled-8
untitled-15
untitled-6
untitled-4
untitled-14
untitled-3
untitled-12
untitled-13
untitled-5 untitled-7 untitled-1 untitled-9 untitled-10 untitled-2 untitled-8 untitled-15 untitled-6 untitled-4 untitled-14 untitled-3 untitled-12 untitled-13

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၆) ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ပညာသင်များ၏ ပညာသင်ကာလအတွင်း တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပညာသင် ဘွဲ့အ တွက် sတင်သွင်းခဲ့သော သုတေ သန စာတမ်း အား အသိ ပညာမျှဝေသည့် သုတေသန စာတမ်း ဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ “မတူညီသောရာသီနှစ်ခု၌ ဖြုတ်ညိုအပေါ် တွင် ပိုးသတ်ဆေး အရောများ၏ အစွမ်းအာနိသင်များစမ်းသပ်‌ခြင်း” ခေါင်းစဉ်ဖြင့် စာတမ်းရှင် ဦးမျိုးမင်းဆွေမှဖတ်ကြား တင်သွင်းခဲ့ပါသည်။

အဆိုပါ စာတမ်းဖတ်ပွဲသို့ စိုက်ပျိုးရေးသုတေ သနဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ဖိတ်ကြား ထားသည့် ဧည့်သည် တော် များ၊ သုတေသနဌာနစု အသီးသီးမှ တာဝန်ရှိသူများ ၊ စိုက်ပျိုးရေးသုတေသနခြံများမှ တာဝန်ရှိသူများ စိတ်ပါဝင်စားသူများ (online/offline)ဖြင့် တက်ရောက် ခဲ့ကြပါ သည်။

စာတမ်းရှင်မှ စပါးသီးနှံ (Oryza sativa L.) သည် ကမ္ဘာ့လူဦးရေ၏ ၆၅ ရာခိုင်နှုန်းကျော် အတွက် အဓိက အစားအစာ အဖြစ် ဖန်တီးပေးသော သီးနှံတစ်မျိုး ဖြစ်ပါကြောင်း၊ စီးပွားရေး ထိခိုက်နိုင်သည့် ပိုးမွှားမျိုးစိတ်ပေါင်း ၂၀ အပါအဝင် အင်းဆက်မျိုးစိတ် ၁၀၀ကျော်သည် စပါးပင်များကို သိသာ ထင်ရှားစွာ ပျက်စီးစေနိုင်ပါကြောင်း၊

အရွယ်မရောက်သေးသော ဖြုတ်ညိုပိုး နှင့် အရွယ်ရောက်ပြီးသော ဖြုတ်ညိုပိုးများသည် စပါးပင်၏ အစာရေကြော တစ်ရှူးများမှ ပင်ရည်များကို စုပ်ယူခြင်း ဖြင့် စပါးပင်ကို ဆိုးရွားစွာ ပျက်စီးစေကာ နောက်ဆုံးတွင် စပါးပင်လောင်ကျွမ်းမှုကို ဖြစ်စေပါကြောင်း၊ ဖြုတ်ညိုကြောင့် အထွက်နှုန်း ဆုံးရှုံးမှုသည် ၁၀ မှ ၉၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်ဟုဆိုသော်လည်း အချိန်မီနှိမ်နှင်းမှုမပြုလုပ်နိုင် ပါက အလွန် တိုတောင်းသော အချိန်ကာလအတွင်းမှာပင် သီးနှံပင် လုံးဝဆုံးရှုံးနိုင်သည့် အလားအလာရှိပါကြောင်း၊

စွယ်စုံသုံးပိုးသတ်ဆေးများကို ကျရောက်ဖျက်ဆီး သည့် ပိုးအလိုက် မခွဲခြားဘဲ အသုံးပြုခြင်းသည် သဘာဝ ရန်သူများ၏ ဇီဝမျိုးစုံမျိုးကွဲများကို လျော့နည်းစေရုံ သာမက သဘာဝအလျောက် နှိမ်နှင်းမှုကို လျော့နည်းစေ ကာ အဓိကမဖျက်ဆီးသောပိုးမွှားများ ပွားများမှုကို ဖြစ်ပေါ်စေခြင်း၊ ဂေဟစနစ်ကို ညစ်ညမ်းစေခြင်း အစရှိ သည်များကို လှုံ့ဆော်ပြီး အကျိုးဆက်အနေဖြင့် ဖြုတ်ညိုပိုးများ ပြန်လည် ပွားများရှင်သန်လာစေ ပါကြောင်း၊

ပိုးသတ်ဆေးအရောများသည် အင်းဆက် ဖျက်ပိုးများ၏ ပိုးသတ်ဆေးများစွာအပေါ် အလိုက်သင့် ပြောင်းလဲနိုင်ခြင်းအား တပြိုင်နက်တည်း လုပ်ဆောင်ရန် ပိုမိုခက်ခဲမည်ဖြစ်သောကြောင့် အင်းဆက်များ အတွင်း ဖြစ်လာနိုင်သည့် ဆေးများအပေါ် ယဉ်ပါးခံနိုင်ရည်ရှိလာ ခြင်းကို နှောင့်နှေးစေပါကြောင်း၊

ဘက်စုံနည်းပညာသုံး ပိုးမွှားကာကွယ်နှိမ်နှင်းနည်း စနစ် (IPM)သည် ဓာတုပိုးသတ်ဆေးများ လျှော့ချအသုံး ပြုရုံသာမက သဘာဝရန်သူများနှင့် အခြားသော ဇီဝ ထိန်းချုပ်ရေး အေးဂျင့်များ၏ လုပ်ဆောင်ချက်ကို တိုးမြင့် စေပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ရမည်ဖြစ်ပါကြောင်း၊

ဖြုတ်ညိုများ ကို ဓာတုနည်းအရ နှိမ်နှင်းရန်အတွက် ပိုးသတ်ဆေးအရောများနှင့်ပတ်သက်၍ မြန်မာ နိုင်ငံတွင် သတင်းအချက်အလက်များ မရှိသေးပါကြောင်း ထို့ကြောင့် ရွေးချယ်ထားသော ပိုးသတ်ဆေး အရောများ၏ ဖြုတ်ညို အပေါ်အကျိုးသက်ရောက်မှုကို အကဲဖြတ်ရန်နှင့် ဖြုတ်ညို၏ သဘာဝ ရန်သူများအပေါ် ထိခိုက်မှုကို လေ့လာ အကဲဖြတ် ရန် လေ့လာမှုများ ပြုလုပ်ခဲ့ပါကြောင်း စသည်ဖြင့် စာတမ်းရှင်၏ သုတေသနဆောင်ရွက်ရသည့်အကြောင်းရင်းများအားမိတ်ဆက်တင်ပြပေးခဲ့ပါသည်။

စာတမ်းရှင်၏ သုတေသနစမ်းသပ်ချက်များကို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်စိုက်ကွင်းတွင် ၂၀၂၀ ခုနှစ်၊ နွေရာသီ (ဇန်နဝါရီ-ဇွန်လ) နှင့် ၂၀၂၀ ခုနှစ်၊ မိုးရာသီ (ဇူလိုင်-ဒီဇင်ဘာလ) တို့တွင် ပြုမူချက် (၇)ခု၊ ထပ်ပြုကြိမ် (၃)ကြိမ်၊ (အာစီဘီ) ဒီဇိုင်းသုံးကာ ဆောင်ရွက်ခဲ့ပါကြောင်း။

စာတမ်းရှင် ၏သုတေသန၏ ပြုမူချက်များမှာ ဆေးအရော-၁ (ပိုင်မီထရိုဇင်း ၄၂.၇၅ µg/l + ဗျူပရိုဖီဇင်း ၆၁၁၂.၃ µg/l)၊ ဆေးအရော-၂ (ပိုင်မီထရိုဇင်း ၄၇၆ µg/l + ဗျူပရိုဖီဇင်း ၆၈၀၇၈ µg/l)၊ ဆေးအရော-၃ (ပိုင်မီထရိုဇင်း ၄၀.၂ µg/l + သိုင်ယာမီသိုဇင် ၁၃၁၉ µg/l)၊ ဆေးအရော-၄ (ပိုင်မီထရိုဇင်း ၄၀၉ µg/l + သိုင်ယာမီသိုဇင် ၁၃၄၄၁ µg/l)၊ ဆေးအရော-၅ (ပိုင်မီထရိုဇင်း ၅၅၂ µg/l + ဖီနိုဗျူကပ် ၁၄၁ µg/l)၊ ဆေးအရော-၆ (ပိုင်မီထရိုဇင်း ၃၈၄၁ µg/l + ဖီနိုဗျူကပ် ၉၇၉ µg/l) နှင့် ဗလာကွက် တို့ဖြစ်ပါကြောင်းတို့ကိုမိတ်ဆက်တင်ပြပေးခဲ့ပါသည်။

စာတမ်းရှင်၏ လေ့လာတွေ့ရှိချက်များအရ ဆေးအရော-၁၊ ဆေးအရော-၂၊ ဆေးအရော-၃ နှင့် ဆေးအရော-၄ တို့သည် နွေရာသီ နှင့် မိုးရာသီတို့ တွင် ဖြုတ်ညိုနှိမ်နှင်းရန်အတွက် ထိရောက်သော ဆေးအရော များဖြစ်ပါကြောင်း၊ သို့သော်လည်း LD50 ဆေးအရောများ၏ ဖြုတ်ညိုအပေါ် ပျှမ်းမျှထိရောက်မှုအရ ဆေးအရော-၁ သည် နွေရာသီအတွက် အထိရောက်ဆုံးသော ဆေးအရော ဖြစ်ပြီး ဆေးအရော-၁ နှင့် ဆေးအရော-၂ သည် မိုးရာသီ အတွက် အထိရောက်ဆုံးသော ဆေးအရော များဖြစ်ပါကြောင်း၊

ပိုးသတ်ဆေးအရောများအားလုံးသည် ဖြုတ်ညို၏ သဘာဝရန်သူများဖြစ်သည့် ပင့်ကူများ ပေါ်တွင် ထိခိုက်မှု ရှိသည်ကို မတွေ့ရသော်လည်း (Cyrtorhinus lividipennis) အပေါ်တွင်မူ ဆေးအရော-၁ နှင့် ဆေးအရော-၂ မှလွဲ၍ ကျန်သောဆေးအရောများသည် ထိခိုက်မှု ရှိသည်ကို တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် ဆေးအရော- ၁ (ပိုင်မီထရိုဇင်း ၄၂.၇၅ µg/l + ဗျူပရိုဖီဇင်း ၆၁၁၂.၃ µg/l)နှင့်ဆေးအရော-၂ (ပိုင်မီထရိုဇင်း ၄၇၆ µg/l + ဗျူပရိုဖီဇင်း ၆၈၀၇၈ µg/l) ဘက်စုံနည်းပညာသုံး ပိုးမွှား ကာကွယ် နှိမ်နှင်းနည်း အတွက် အလားအလာ ကောင်းသော ပိုးသတ်ဆေးအရောများ ဖြစ် ပါကြောင်း။

သို့သော်လည်း ဆေးအရော-၁ တွင်ပါဝင်သော ပိုးသတ်ဆေးပမာဏသည် ဆေးအရော-၂ တွင်ပါဝင်သော ပိုးသတ်ဆေးပမာဏထက် (၁၀ဆ) ပိုနည်းသဖြင့် ကုန်ကျစရိတ်လည်း (၁၀ဆ) ပိုသက်သာမည်ဖြစ်သည်။ ထို့ကြောင့် ဆေးအရော-၁ (ပိုင်မီထရိုဇင်း ၄၂.၇၅ µg/l + ဗျူပရိုဖီဇင်း ၆၁၁၂.၃ µg/l) သည်သာလျင် နှစ်ရာသီလုံး အတွက် အသင့်တော်ဆုံးသော ဆေးအရောဖြစ်ကြောင်းကို ၎င်း၏တွေ့ရှိချက်များပေါ်အခြေခံကာ ဗဟုသုတဖြစ်ဖွယ်မျှဝေပေးခဲ့ပါသည်။