စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဖောငမြောင်တောင်

2
1
5
6
4
3
2 1 5 6 4 3

နိဒါန်း

ဖောငမြောင်တောင်ပိုး Fall Armyworm (FAW) ၏မူရင်း ဒေသမှာ အမေရိကတိုက်ဖြစ်

သည် ။မုန်တိုင်းဖြင့်လေကြောင်းအတိုင်းပြန့်နှံ့ပြီး ၂၀၁၆တွင် အာဖရိကနိုင်ငံများ၊ ၂၀၁၈ သြဂုတ်လနှင့် စက်တင်ဘာလ အတွင်း အိန္ဒိယနိုင်ငံရှိ ပြောင်းခင်းများတွင် ကျရောက် သည်။            

၂၀၁၈ခုနှစ် နိုဝင်ဘာလမှစ၍ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နှင့် နေပြည်တော်ရှိပြောင်းခင်းများ တွင်ကျရောက် ကြောင်းသိရှိရသည်

ဖောငမြောင်တောင် Fall Armyworm (FAW) သည် အပင်မျိုးစိတ်ပေါင်း ၁၀၀ ကျော်တွင် ကျရောက်ဖျက်ဆီး တက်သော်လည်းပြောင်းသီးနှံတွင်သာအဓိကကျရောက်ဖျက်ဆီးပါသည်

ဖောငမြောင်တောင်တွင် ဘဝစက်ဝန်းအဆင့် (၄) ဆင့်ရှိပါသည်.။ ၎င်းတို့မှာ ဥအဆင့်၊ ပိုးလောက်ကောင်အဆင့်၊ ပိုးရုပ်ဖုံးအဆင့် နှင့်ဖလံ အဆင့်တို့ဖြစ်ပါသည်။

ဖောငမြောင်တောင်ဥမြုံတစ်မြုံတွင် ဥပေါင်း ၁၀၀-၂၀၀ အထိပါရှိပါသည်။ ဖောငမြောင်တောင် အမတစ်ကောင် မှ သက်တမ်း တလျောက်တွင် အများ ဆုံး ဥပေါင်း ၂၀၀၀ အထိဥနိုင် ပါသည်။ ၂-၃ရက် အတွင်း ပိုးလောက် ကောင် ပေါက်ပါသည်။

ကြိုတင်ကာကွယ်ခြင်းနှင့် နှိမ်နင်းခြင်းပြောင်းစိုက်ဧရိယာများတွင်အချိန်မရွေးကျရောက်နိုင် သဖြင့် မိမိ စိုက်ခင်းကိုအမြဲ စစ်ဆေးနေရမည်။

          စိုက်ခင်းပတ်လည်တွင် ပေါင်းမြက်များကင်းရှင်းရမည်။

စိုက်ချိန်နောက်ကျသောအခင်းများတွင်ပိုမိုဖျက်ဆီးနိုင်၍ ပုံမှန်စိုက်ချိန် အတိုင်းစိုက်ပျိုးရမည်။ထယ်ရေးနက်နက်ထိုးပေးခြင်းအားဖြင့်မြေကြီးအတွင်းခိုအောင်းနေသောပိုးရုပ်ဖုံးများကိုသေစေခြင်း။ပြောင်းစေ့ (၁) ကီလို(၆၀ကျပ်သား)ကို Immidacloprid 70WP ဆေး(၁၀)ဂရမ် (ဟင်းစားဇွန်း၁ဇွန်း) ဖြင့်ရော၍လူးနယ်စိုက်ရမည်။