ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်မတ်လ ၇ ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ စီမံကိန်း ဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်(သီးနှံ) နှင့်ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များတက်ရောက်ကြပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် မှ အဖွင့်အမှာစကားပြောကြားရာ ပြောင်းဖူးသီးနှံအခြေပြုသည့် သုတေသနအခန်းကဏ္ဍ သည် မိမိတိုတိုင်းပြည်တွင် အလွန် အရေးကြီးပါကြောင်း၊
သုတေသနတွင် Research နှင့် Extension ဟူ၍ နှစ်မျိုးသာရှိ ပါကြောင်း၊Research တွင် Extension တွဲလျက် ရှိသလို Extension တွင်လည်း Research ကတွဲလျက်ရှိပါကြောင်း၊အားလုံ ပူးပေါင်းပါဝင် ဆောင်ရွက်သည့် Participatory Research များဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊သုတေသီလူငယ်များအား စားများ များ ဖတ်သည့် အလေ့အထကို လည်းမွေးမြူပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနဟူသည် ဦးဆောင်ရမည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊Participactory Research Extension နှင့် Participatory Technology Develovemnt တို့ကိုသေချာလေ့လာကာ အကောင်အထည် ဖော်ဆောင်ရွက် ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍စိုက်ပျိုးရေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာနိုင်ကြည်ဝင်းမှလည်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး အတွက် သုတေသနပြုဆောင်ရွက်ထားရှိမှုများ၊ရလဒ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှထုတ်ဝေထားသည့် မျိုးများနှင့် စေျးကွက်အတွင်းရှိမျိုးများနှိုင်းယှဉ်၍ အားသာ ချက်၊အားနည်းချက်များကိုလည်းကောင်းရှင်းင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍လက်ရှိဆောင်ရွက်လျက်ရှိသောသုတေသနလုပ်ငန်းများဖြစ်သော အစေ့ထုတ်ပြောင်း သီးနှံသုတေသနများဖြစ်သည့်အထွက်နှုန်းမြင့်မားပြီး အရည်အသွေး ကောင်းမွန်သော သက်လတ် ပြောင်းဖူး စပ်မျိုးသစ်များ မျိုးမွေးမြူ ရွေးချယ်ခြင်း၊ အထွက်နှုန်း မြင့်မားသော သုံးလိုင်းစပ် စပ်မျိုးသစ်များ မွေးမြူရွေးချယ်ခြင်း ၊အထွက်နှုန်း မြင့်မားသော နှစ်ကြိမ်စပ် စပ်မျိုးသစ်များ မွေးမြူရွေးချယ်ခြင်း ၊လက်ရွေးစင် သက်တမ်းတို စပ်မျိုးများ မွေးမြူရွေးချယ်ခြင်း ၊ရေငတ်ဒဏ် ခံနိုင်ရည် ရှိသည့် စပ်မျိုး များ မွေးမြူရွေးချယ်ခြင်း
၊ရွက်ဖုံးခြောက် နှင့် ရွက်ခြေက်ရောဂါဒဏ် ခံနိုင်ရည်ရှိသော စပ်မျိုးသစ်များ မွေးမြူရွေးချယ်ခြင်း၊8 Ways Recombinant Inbred Lines များရရှိရန် မျိုးကူးစပ်မွေးမြုခြင်း ၊Double Haploid Inbred Lines in Maize များရရှိရန် မျိုးကူးစပ်မွေးမြုခြင်း ၊ ရှမ်းပြည်နယ် အတွက်ရည်ရွယ်သည့် ဒေသနှင့်လိုက်လျော ညီထွေရှိမည့် အထွက်နှုန်း မြင့်မားပြီး အသက်ကြီး သော စပ်မျိုးသစ်များ မွေးမြူရွေးချယ်ခြင်း ၊စားသုံးမှုအရည်အသွေး ကောင်းဖူးစားပြောင်း သဘာဝ ဝတ်မှုန်ကူးစားပြောင်း(ပြောင်းစေး)မျိုးသစ်များ မွေးမြူ ရွေးချယ်ခြင်း ၊စားသုံးမှုအရည်အသွေး ကောင်းဖူးစားပြောင်း သဘာဝ ဝတ်မှုန်ကူးစားပြောင်း(ပြောင်းချို)မျိုးသစ်များ မွေးမြူ ရွေးချယ်ခြင်း၊ အာဟာရဓါတ်ကြွယ်ဝသော သဘာဝ ဝတ်မှုန်ကူးမျိုး (Quality Protein Maize(QPM) Open-pollinated Variety ) များ မွေးမြူရွေးချယ်ခြင်း သုတေသနများအားဆောင်ရွက်လျက်ရှိကြောင်းတင်ပြခဲ့သည်။
ဆက်လက်၍ ဒုဝန်ကြီးနှင့်အဖွဲ့သည် စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာ သင်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ ညွှန်ကြားရေးမှူး(စီမံ) မှ သင်တန်း အမျိုးအစားများနှင့်စပ်လျဉ်း၍လည်းကောင်း၊ သင်တန်းကျောင်းအုပ်ကြီးမှ သင်တန်းဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြား ရေးမှူး(စက်ပစ္စည်း)မှ မြေဆွေး မြေသြဇာ စမ်းသပ်ပြုလုပ်ခြင်း နှင့်စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းပြသခဲ့ကြပြီး ဒုတိယဝန်ကြီးမှလမ်းညွှန်မှာကြားမှုများပြုခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်ကြားရေး သရုပ်ပြစက်များအားလည်းကောင်း၊ သင်ကြားရေး အင်ဂျင်များအားလည်းကောင်း၊ ထွန်ယက်ရေးအပိုင်း၊အပင်စိုက်ပျိုးရေးအပိုင်း၊ အပင်ပြုစုရေး အပိုင်း၊ရိတ်သိမ်းချွေလှေ့ရေးအပိုင်း သရုပ်ပြသထားသည့်စက်များအားလိုက်လံကြည့်ရှုခဲ့ပါကြောင်း သတင်း မှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။