စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ပျဉ်းမနားမြို့နယ်တွင်းမှ တောင်သူများ စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးထားရှိ မှုအား လာရောက်လေ့လာခြင်း

IMG_1391IMG_1391IMG_1391IMG_1391
IMG_1395IMG_1395IMG_1395IMG_1395
IMG_1337IMG_1337IMG_1337IMG_1337
IMG_1350IMG_1350IMG_1350IMG_1350
IMG_1358IMG_1358IMG_1358IMG_1358
IMG_1393IMG_1393IMG_1393IMG_1393
IMG_1366IMG_1366IMG_1366IMG_1366
IMG_1391IMG_1391IMG_1391IMG_1391 IMG_1395IMG_1395IMG_1395IMG_1395 IMG_1337IMG_1337IMG_1337IMG_1337 IMG_1350IMG_1350IMG_1350IMG_1350 IMG_1358IMG_1358IMG_1358IMG_1358 IMG_1393IMG_1393IMG_1393IMG_1393 IMG_1366IMG_1366IMG_1366IMG_1366

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးသဘာဝအရင်းအမြစ်များ လေ့လာရေး ဌာနစု ကွင်းတွင် “ထုတ်ဝေပြီးစပါးမျိုးများ၏ စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်း ပညာအပေါ် ရိတ်သိမ်းခြင်းနည်းစနစ်များ၏ အကျိုးသက်ရောက်မှုကို စမ်းသပ်ခြင်း” ခေါင်းစဉ်ဖြင့် သုတေသနပြုဆောင်ရွက် စိုက်ပျိုးထားရှိမှုများ ကို ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်မန်နေဂျာ ဦးဆောင်သည့် သစ်ဆိမ့်ပင်၊ ပေါစံခေါ၊ ဇီးဖြူပင်နှင့် အောင်သိဒ္ဓိရွာမှ တောင်သူ (၄၄)ဦးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၆)ဦး ပါဝင်သည့်အဖွဲ့သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၄)ရက်တွင် လာရောက်လေ့လာ ခဲ့ကြပါသည်။

အဆိုပါလေ့လာရေးအားဦးဆောင်လာသူ မှ ယခုလေ့လာရေးလာရောက်ကြသည့် ဇီးဖြူပင် အုပ်စုရှိတောင်သူများအနေဖြင့် တစ်နှစ်တွင် စပါးနှစ်သီးနှင့် ပဲတစ်သီးစိုက်ပျိုးလို ပါကြောင်း၊ မိုးရာသီတွင် စပါးနှစ်သီး စိုက် ပျိုးလိုသော်လည်း ဒုတိယစပါးတစ်သီးစိုက်ချိန်တွင် အပင်ပြုစု ချိန်မလုံ လောက်သောကြောင့် မိုးနှောင်းကာလတွင် မြေလှပ်ထားရ ပါကြောင်း၊ စပါးသား တက်ဆင့်ပွားနည်းပညာကို သုံး၍ မိုးရာသီတွင် စပါးနှစ်သီးစိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီး လာရောက် လေ့လာခြင်းဖြစ်ကြောင်း တောင်သူများ၏ ပြဿနာကို တောင်သူများ ကိုယ်စား ဦးဆောင် ပြော ကြား ပေးခဲ့ပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးသဘာဝအရင်းအမြစ်များလေ့လာရေးဌာနစု၏ တာဝန်ခံ ဦးကျော်မြိုင်မှ စပါးသားတက်ဆင့်ပွားနည်းပညာအကြောင်းရှင်းလင်းရာတွင် စပါးလမိုင်း စွမ်းရည် ကောင်းသည့် မျိုးရွေးချယ်စိုက်ပျိုးနည်း၊ အပင်ပြုစုနည်း၊ စပါးလမိုင်းထားသင့်သည့် သားဆက် အရေအတွက်နှင့် စပါးစိုက်ရာသီတို့ကို ရှင်းလင်းပြောကြားပေး ခဲ့သည်။ ထို့အပြင် အကျိုးကျေးဇူးအနေဖြင့် ပျိုးထောင်၊ ကောက်စိုက်၊ ကောက်ပင်လှန်ချိန် လျော့နည်း သွားခြင်း ကြောင့် မိုးရာသီတွင် စပါးနှစ်သီး ရိတ်သိမ်းနိုင်ကြောင်း၊ လက်ဖြင့်ရိတ်သိမ်းနိုင်သကဲ့သို့ လုပ်သားရှားပါးသော ဒေသတွင် စက်ဖြင့် လည်း ရိတ်သိမ်းနိုင်ကြောင်း၊ သားတက်ဆင့်ပွားပင်၏ အထွက်နှုန်းမှာ မိခင်အပင်နှင့်ကွာခြားမှုမရှိဘဲ တစ်ဧကလျှင် တင်း (၈၀မှ ၉၀) အထိ ထွက်ရှိနိုင်ကြောင်း၊ ရိတ်သိမ်းစနစ်အလိုက် စပါးသား တက်ပင်ဖြစ်ထွန်းမှု၊ ရိတ်သိမ်း ချိန်တွင် ဂရုပြုရမည့် ရေသွင်းရေထုတ်နည်းလမ်း၊ ရိတ်သိမ်းရမည့် စပါးပင်ရိုးပြတ် အမြင့်တို့ကို လက်ရှိ စိုက်ပျိုး ထားသော သုတေသန စမ်းသပ်ကွက် များတွင် လက်တွေ့ပြသ ရှင်းလင်းခဲ့ရာ တောင်သူများမှ စပါးလမိုင်းထားစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ၊ ရှင်းလင်းစွာ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေး ခဲ့ကြပါကြောင်း သတင်း မှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။