ပဲမျိုးစုံသီးနှံ တန်ဖိုးမြင့် ထုတ်ကုန် အစားအစာများ မိတ်ဆက်ပြသခြင်း အခမ်းအနားကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် ကိုရီးယားနိုင်ငံ KOPIA-RDA တို့ပူးပေါင်းဆောင်ရွက်သော ပဲမျိုးစုံကျေး ရွာ တည်ထောင်ခြင်းအစီအစဉ်ဖြင့် ပဲမျိုးစုံသီးနှံအား အသုံးပြု၍ပြုလုပ်ထားသော တန်ဖိုးမြင့် ထုတ်ကုန် အစား အစာများအား မိတ်ဆက်ပြသခြင်းအခမ်းအနားကို၂၀၂၂ ခုနှစ် နိုဝင်ဘာ(၁၆)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ ကိုရီးယားနိုင်ငံ KOPIA-RDA Project မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဉီးစွာ စိုက်ပျိုးရေး သုတေသနဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါက်တာ မင်းစံသိန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ညွှန်ကြားရေးမှူးဒေါ်ခိုင်ခိုင်ထွေးမှ ကျေးဇူး တင်စကား ပြောကြား ကာ KOPIA-RDA မှတာဝန်ရှိသူတစ်ဦးမှလည်း ကျေးဇူးတင်စကား ပြောကြား ပေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသူများမှတန်ဖိုးမြင့် ထုတ်ကုန် အစား အစာများဖြစ်သည့် ပဲဆ နွင်းမကင်း၊ ပဲကွက်ကီး၊ ပဲကိတ် စသည့်မုန့်နမူနာများအား စမ်းသပ်စားသုံး အမှတ်ပေးအကဲဖြတ် ခြင်းများပြု လုပ်ခဲ့ကြပါသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ နိဂုံးချုပ် စကားပြေကြားရာ တက်ရောက်လာကြသူများမှ ပြသထားသည့် ပဲတီစိမ်း၊ပဲပုပ်၊ ကုလားပဲစသည့် ပဲများ အသုံးပြုထားသည့်မုန့်များ၏ အနံ့၊ အရသာ၊ အရောင်၊ ပုံသဏ္ဍာန်အား အသေအချာ အမှတ်ပေးအကဲဖြတ်ပေးသည် တို့အပေါ်အခြေခံ ကာ ပြုပြင်သင့်သည် များပြုပြင်ခြင်း များပြုလုပ်ကာ အဆိုပါ မုန့်လုပ်သည့် နည်းပညာများကို ပဲစိုက်တောင်သူများထံ ပညာပေး မှျဝေပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့တန်ဖိုးမြှင်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းဖြင့် တောင်သူများဝင်ငွေမိုမိုတိုးတက်ရရှိစေရန်ရည်ရွယ်ပါ ကြောင်း၊ ပဲမျိုးစုံသီးနှံ တန်ဖိုးမြင့် ထုတ်ကုန် အစားအစာများ ပြုလုပ်နိုင်ရန်အတွက် စက်ပစည်းများ KOPIA-RDA Project အနေဖြင့် လှူဒါန်းပေးမှုအပေါ်အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ကာ မှတ်တမ်းတင်ဓာတပုံများရိုက်ကူး၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါကြောင်း သတင်းမှတ်တမ်းတင် ဖော်ပြအပ်ပါသည်။