စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ပဲမျိုးစုံမျိုးစေ့ကျေးရွာ တည်ထောင်ခြင်း နှင့်တန်ဖိုးမြှင့်ထုတ်ကုန်များပြုလုပ်ခြင်းစီမံကိန်း နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း

IMG_3655
IMG_3640
IMG_3605
IMG_3644
IMG_3606
IMG_3619
IMG_3655 IMG_3640 IMG_3605 IMG_3644 IMG_3606 IMG_3619

ကိုရီးယားနိုင်ငံ KOPIA-RDA Project နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ပဲပုပ်၊ ပဲတီစိမ်း နှင့် ကုလားပဲသီးနှံများတွင် တောင်သူများပူးပေါင်း ပါဝင်၍ စက်များဖြင့် စိုက်ပျိုးထုတ်လုပ် ရိတ်သိမ်းမည့် ပဲမျိုးစုံမျိုးစေ့ကျေးရွာ တည်ထောင်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်ခြင်း စီမံကိန်း နှစ်ပတ်လည် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့က စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရှိ နဝရတ်ခမ်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ နှစ်ပတ်လည် အစည်းအဝေးသို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာန မှ ညွှန်ကြား ရေးမှူး ချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနမှတာဝန်ရှိသူများ၊ စီမံကိန်းတာဝန်ခံနှင့် တာဝန်ရှိသူများ၊ KOPIA-RDA Project မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင်-စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် KOPIA နှင့်ပူးပေါင်းဆောင်ရွက်သည့် project အများစုမှာ ကိုဗစ်ကာလ အတွင်းပြီးဆုံးသွားခဲ့ကြပြီး ယခု project သည် ကိုဗစ်ကာလနောက်ပိုင်း တစ်ခုတည်း သော ကျန်ရှိနေသည့် ဆောင်ရွက်လျက်ရှိသော project ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းအား ရှေ့ပြေး ပဲမျိုးစုံ ကျေးရွာ တည်ထောင်ခြင်းစီမံကိန်းဟုလည်းခေါ်ဆိုနိုင်ကာ project ကာလမှာ၃နှစ်ဖြစ်ပါကြောင်း၊ လက်ရှိ စီမံကိန်းအား လယ်ဝေးမြို့နယ် လက်ပံတန်း၊ အောင်ချမ်းသာ၊ အေးချမ်းသာ ၊အုတ်ဖိုဇောင်း ကျေးရွာများတွင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းတွင် ဆောင်ရွက်လျက်ရှိသည့် အချက်(၆) ချက်ဖြစ်သည့် တောင်သူများပူးပေါင်း ပါဝင်၍ စက်များဖြင့် စိုက်ပျိုးထုတ်လုပ် ရိတ်သိမ်းမည့် ပဲမျိုးစုံကျေးရွာ တည်ထောင်ခြင်း၊ ပဲပုပ်၊ပဲတီစိမ်း ၊ကုလားပဲသီးနှံများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ အသေးစား စက်မှုလက်မှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်ခြင်း အတွက်သင်တန်းများပြုလုပ်ခြင်း၊ တောင်သူများအား တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သော လုပ်ငန်းရှင်များနှင့်ချိတ်ဆက် ပေးခြင်း ၊ ကျေးလက် နေလူမှုဘဝတိုးတက် စေရန်တန်ဖိုးမြှင့် ထုတ်ကုန်များနှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်ရန်ဆောင်ရွက်ခြင်း၊ စီမံကိန်းလုပ်ငန်းများ ကိုထိရောက်စွာဆောင်ရွက်နိုင်စေရန် အတွက် ပြည်ပ လေ့လာရေးခရီးစဉ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်စေခြင်း စသည့် အချက်များဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အချို့အချက်များ သည်ဆောင်ရွက်ပြီးဖြစ်သလို အချို့သည်ဆောင်ရွင်ဆဲဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနအနေဖြင့် KOPIA-RDA နှင့် နောက်ထပ်ပူးပေါင်း ဆောင်ရွက်မှုများအား လည်းရှေ့ဆက်ဆောင်ရွက်လိုပါကြောင်း၊ KOPIA-RDA အနေဖြင့် စီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အထောက်အပံ့ပေးသည့်အတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် KOPIA-RDA Project မှတာဝန်ရှိသူ တစ်ဦးမှလည်း Project နှင့်စပ်လျဉ်း၍ ပြောကြားပေးခဲ့ကာ စီမံကိန်းတာဝန်ခံမှ စီမံကိန်း၏လုပ်ငန်းစဉ်များ အလိုက် ဆောင်ရွက်ထားရှိမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြရာ၊ တက်ရောက်လာသည့် ပညာရှင်များက စီမံကိန်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုခြင်းများဆောင်ရွက်ခဲ့ကြပါ ကြောင်း သတင်း မှတ် တမ်း အဖြစ်ဖော်ပြအပ်ပါသည်။