စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ပုဗ္ဗသီရိမြို့နယ်၊ သာယာကုန်းကျေးရွာ Farmer based Research Station တွင် ခရမ်းချဉ်၊ ငရုတ် များသရုပ်ပြ စိုက်ပျိုးထားရှိခြင်း

3
6
5
1
2
4
3 6 5 1 2 4

စိုက်ပျိုးရေးသုတေသနဦးစီးဌာနဥယျာဉ်ခြံ သုတေသနဌာနခွဲဟင်းသီးဟင်းရွက်သုတေသန ဌာနစုမှ တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်မှုတစ်ခုအဖြစ် ပုဗ္ဗသီရိမြို့နယ်၊ သာယာကုန်း ကျေးရွာ Farmer based Research Station ရှိခရမ်းချဉ်၊ ငရုတ်စိုက်ပျိုးထားရှိရာ အဆိုပါစိုက်ပျိုးထားရှိမှုအား၊ဥယျာဉ်ခြံသုတေသနဌာနခွဲ ညွှန်ကြားရေးမှူးဒေါက်တာဝင်းနိုင်မှ ၂၀.၉.၂၃ နေ့နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပါသည်။

‌တောင်သူများအကျိုးရှိထိရောက်စွာအသုံးပြုနိုင်မည့်ဟင်းသီးဟင်းရွက် သုတေသနများပိုမို ဆောင်ရွက်နိုင်‌ရေးနှင့် ရရှိလာသည့် ရလဒ်များတောင်သူများလက်ဝယ် ရောက်ရှိရေးအားလုံးပူးပေါင်း၍တက်ညီလက်ညီဆောင်ရွက်သွားကြရန်တိုက်တွန်းအားပေး‌ခဲ့ပါသည်။စမ်းသပ်စိုက်ပျိုးထားသည့်ခရမ်းချဉ် မျိုးများဖြစ်သောဆင်းခရမ်းချဉ် – ၂၊ဆင်းခရမ်

ချဉ်- ၅ဆင်းခရမ်းချဉ်- ၆မျိုးများနှင့်စပ်လျဉ်း၍လည်းကောင်းငရုတ်မျိုးဖြစ်သောဆင်းငရုတ်- ၁ မျိုးနှင့်စပ်လျဉ်း၍လည်းကောင်း ထည့်သွင်းစမ်းသပ်သရုပ်ပြစိုက်ပျိုးထားသည့်မျိုးများ၏ အလား အလာနှင့်အနီးအနားဝန်းကျင်ရှိတောင်သူများ၏ကြိုက်နှစ်သက်မှုအလားအလာအခြေအနေများအားဆွေးနွေးခဲ့ကြပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။