ပန်းတနော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများကို ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကြည့်ရှုစစ်ဆေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် နိုဝင်ဘာလ ၆ရက်တွင် ပန်းတနော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများနှင့် လယ်ယာကုန် ထုတ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တောင်သူများ ဝင်ငွေနှင့် လူမှုဘဝတိုးတက်ရေး အကောင် အထည်ဖော်ရာတွင် ကန်သင်းသီးနှံကဲ့သို့ အပိုဝင်ငွေရရှိစေမည့်နည်းလမ်းများ၊ သီးထပ်စိုက် ပျိုးလုပ်ကိုင်နိုင်ရန် လိုအပ်ချက်များကူညီပံ့ပိုးပေးခြင်းကဲ့သို့ တစ်နှစ်ပတ်လုံး အလုပ်အကိုင်အ ခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားရေးကို စနစ်တကျ အားပေးကူညီစီမံဆောင်ရွက်သွားရန် လိုအပ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးပညာရှင်များနှင့် သုတေသီများက ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံ များ၏ အရည်အချင်းလက္ခဏာများ၊ စိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစုစောင့်ရှောက်ပုံများနှင့် လိုက်နာကျင့်သုံးရမည့် အချက်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် မြောင်းမြမြို့ (အ.ထ.က-၁၊ ပညာရတနာခန်းမ)၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးမည့် သစ်စိမ်းမြေသြဇာ၊ ပိုက်ဆန်လျှော်မျိုးစေ့၊ ဆီထွက်သီးနှံ နေကြာနှင့် မျိုးစပါးများပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အခွင့်အလမ်းဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်သုံးမြို့နယ်မှ တောင်သူကိုယ်စားလှယ်သုံးဦးကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့က ပိုက်ဆန်လျှော်မျိုးစေ့၊ နေကြာမျိုး စေ့၊ မြေပဲမျိုးစေ့ နှင့် နယူးဧရာမျိုးစပါးများ ပေးအပ်သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လပွတ္တာမြို့နယ် ရှမ်းစုကျေးရွာ ဆင်းသုခ မိုးစပါးစံကွက်(သုည ဒသမ ၁ ဧက) ရိတ်သိမ်းပွဲ အခမ်းအနားနှင့် မဒေါ့ပင်ကျေးရွာ မှော်ဘီ- ၃ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားများသို့ တက်ရောက်အားပေးကြရာ ဆင်းသုခစပါးမျိုးမှာ တစ်ဧကလျှင် စပါးအစို ၁၅၃ ဒသမ ၆ တင်းနှုန်း၊ စပါးအခြောက် ၁၂၅ ဒသမ ၉၅ တင်းနှုန်းနှင့် မှော်ဘီ- ၃ စပါးမျိုးမှာ တစ်ဧကလျှင် စပါးအစို ၁၅၃ ဒသမ ၃ တင်းနှုန်း၊ စပါးအခြောက် ၁၄၅ ဒသမ ၆၇တင်းနှုန်းထွက်ရှိကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲ၌ ဒေသခံ တောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသ၏ စိုက်ပျိုးလုပ်ကိုင်မှု၊ တောင်သူမိသားစုများ၏ လူမှုစီးပွားရေး အခြေအနေများကို ခင်မင်ရင်းနှီးစွာ မေးမြန်းပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်