နှံစားပြောင်းမျိုးများ၏ အာဟာရ အရည်အသွေး၊ ကစီဓာတ်၏ ရုပ်သွင်ပြင် ဂုဏ်သတ္တိများနှင့် ကစော်ဖောက်ခြင်းဆိုင်ရာ လက္ခဏာရပ်များကို လေ့လာခြင်း
၂၀၂၃ ခုနှစ် ဩဂုတ်လ (၇) ရက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စုဝေးခန်းမ၌ ပညာသင် များ၏ ပညာသင်ကာလအတွင်း တွေ့ကြုံရသော အတွေ့အကြုံများနှင့် ပညာသင်ဘွဲ့အတွက် တင်သွင်းခဲ့သော သုတေသနစာတမ်းအား အသိပညာမျှဝေသည့် သုတေသနစာတမ်း ဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ “နှံစားပြောင်းမျိုးများ၏ အာဟာရ အရည်အသွေး၊ ကစီဓာတ်၏ ရုပ်သွင်ပြင် ဂုဏ်သတ္တိများနှင့် ကစော်ဖောက်ခြင်းဆိုင်ရာ လက္ခဏာရပ်များကို လေ့လာခြင်း” ခေါင်းစဉ်ဖြင့် စာတမ်းရှင် ဒေါက်တာမော်နီစိုးထက်မှဖတ်ကြားတင်သွင်းခဲ့ပါသည်။
အဆိုပါ စာတမ်းဖတ်ပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သီးနှံ) ဒေါက်တာအောင်မိုးမျိုးတင့်၊ ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ သုတေသနဌာနစု အသီးသီးမှ တာဝန်ရှိသူများ ၊ စိုက်ပျိုးရေးသုတေသနခြံများမှ တာဝန်ရှိသူများ စိတ်ပါဝင်စားသူများ (online/offline) ဖြင့် တက်ရောက် ခဲ့ကြပါသည်။
အဆိုပါစာတမ်းဖတ်ပွဲတွင် စာတမ်းရှင် မှ နှံစားပြောင်းသည် တရုတ်ပြည်၏ မိုးနည်းရေရှား ခြောက်သွေ့သောဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသောသီးနှံတစ်မျိုး ဖြစ်ပါကြောင်း၊ နှံစားပြောင်းသည် အာဟာရဓာတ်များစွာပါဝင်ပြီး အစားအစာနှင့် တိရိစ္ဆာန်အစာအပြင် အရက်ချက်လုပ်ခြင်းလုပ်ငန်းများတွင်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုပါကြောင်း ၊ နှံစား ပြောင်း ကို အခြေခံတန်ဖိုးမြှင့် အစားအစာအမျိုးမျိုးပြုလုပ်၍ အသုံးပြုနေကြသော်လည်း ပြုလုပ်သည့် နှံစားပြောင်းအမျိုးအစားအလိုက် အာဟာရဓာတ် ပါဝင်မှုကွဲပြားနိုင်ပါ ကြောင်း၊ထို့အပြင် နှံစားပြောင်း (အမှုန့် နှင့် ကစီဓာတ် ) ၏ အာဟာရအရည်အသွေး၊ ရုပ်သွင်ပြင်ဂုဏ်သတ္တိများနှင့် လုပ်ဆောင်နိုင်စွမ်း ဂုဏ်သတ္တိများအား အစားအစာနှင့် အစားအစာမဟုတ်သော စက်မှုလုပ်ငန်းများအတွက် သုတေသနပြု စမ်းသပ်ရန်လိုအပ် နေပါကြောင်း၊ နှံစားပြောင်း၏ အာဟာရအရည်အသွေး၊ လုပ်ဆောင်နိုင်စွမ်း ဂုဏ်သတ္တိများ အချင်းချင်းဆက်စပ်မှု၊ ကစီဓာတ်၏ရုပ်သွင်ပြင် ဂုဏ်သတ္တိများကိုဆန်းစစ်ခြင်း၊ ကစော်ဖောက် ခြင်းဆိုင်ရာ လက္ခဏာရပ်များအား လေ့လာမှုမရှိသေးပါကြောင်း စသည့် သုတေသနဆောင်ရွက် ရသည့် အကြောင်းရင်းများအားမိတ်ဆက်တင်ပြပေးခဲ့ပါသည်။
စာတမ်းရှင်သည် အဆိုပါအကြောင်းရင်း၊လိုအပ်ချက်များပေါ် အခြေခံကာ အာဟာရဆိုင်ရာ အရည်အသွေးပါဝင်မှု မြှင့်မားပြီး အစားအစာနှင့် အစားအစာမဟုတ်သော စက်မှုလုပ်ငန်းများ တွင် အသုံးပြုရန် အကောင်းဆုံး နှံစားပြောင်းမျိူးများကို ရှာဖွေဖော်ထုတ်ရန်။
နှံစားပြောင်း (အမှုန့်နှင့်ကစီဓာတ်) တွင် ပါဝင်သော အမိုင်လို့စ်နှင့် လုပ်ဆောင်နိုင်စွမ်း ဂုဏ် သ တ္တိများကြား ဆက်စပ်မှုကိုလေ့လာရန်နှင့် ကစော်ဖောက်ထားသော နှံစားပြောင်းမျိူးများ၏ ရုပ်သွင်ပြင် ဂုဏ်သတ္တိများနှင့် တရုတ် အရက်ဖြူအနံ့၊ အရသာ၊ အရည်သွေးနှင့် အထွက်နှုန်းအပေါ် ဆက်စပ် နေမှုများအား အကဲဖြတ်ရန်စသည့် ရည်ရွယ်ချက် များထားရှိ၍
စမ်းသပ်ချက်(၁)ဖြစ်သည့် နှံစားပြောင်း မျိူး (၁၇) မျိုးမှ အာဟာရဆိုင်ရာ အရည်အသွေး (အမိုင်လို့စ်၊ သတ္တုဓာတ်၊ ဆန့်ကျင် အာဟာရဓာတ်နှင့် အမိုင်နို အက်ဆစ်ဓာတ်များ) ကောင်းမွန်သော မျိုး (၆) မျိုးကို ထပ်မံရွေးချယ်ကာ ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်း ဂုဏ်သတ္တိများနှင့် ဆက်စပ်မှုကို Cereal Crops Analysis နှင့် Biochemistry Laboratory ဓါတ်ခွဲခန်းတွင် အသေးစိတ်လေ့လာခြင်းအားလည်းကောင်း။
စမ်းသပ်ချက်(၂)ဖြစ်သည့် နှံစားပြောင်း မျိုး (၆) မျိုးမှ ကစီဓာတ် (Starch) များကိုထုတ်ယူကာ ရုပ်သွင်ပြင်၊ လုပ်ဆောင်နိုင်စွမ်း ဂုဏ်သတ္တိများနှင့် ၎င်းတို့၏ ဆက်စပ်ပေါင်းစည်းမှုအား အသေးစိတ်စမ်းသပ်ရှာဖွေခြင်း၊ကစီဓာတ်၏ မော်လီကျူလာဖွဲ့စည်းတည်ဆောက်ပုံများကို Flow Cytometry Analysis နည်းပညာဖြင့် Biochemistry ဓါတ်ခွဲခန်းတွင် ဆက်လက်လေ့လာခဲ့ခြင်းတို့အားလည်းကောင်း။ စမ်းသပ်ချက်(၃)ဖြစ်သည့် ကစော်ဖောက်ပြီးသော နှံစားပြောင်း မျိုး (၆) မျိုး၏ Liquor flavor (Volatile Compounds)၊ yield ၊ ၎င်းတို့၏ရုပ်သွင်ပြင် ဂုဏ်သတ္တိ များကို လေ့လာခဲ့ခြင်းအားလည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊Shaanxi ပြည်နယ် Yangling မြို့ရှိ Northwest Agriculture and Forestry University (State Key Laboratory of Crop Stress Biology for Arid Areas နှင့် Crop Cultivation and Farming System in Northwestern Loess Plateau ဓာတ်ခွဲခန်း များတွင် ဆောင်ရွက်ခဲ့ပါကြောင်း မိတ်ဆက်တင်ပြပေးခဲ့ပါသည်။
စာတမ်းရှင်မှ သူ၏ သုတေသန ပြု လေ့ လာတွေ့ရှိ များအား မျှဝေခဲ့ရာ
JN-3နှံစားပြောင်းမျိုးသည် အသားဓာတ်၊ အဆီဓာတ်၊ သတ္တုဓာတ်၊ ဆန့်ကျင် အာဟာရဓာတ် (Flavonoids and Total Phenols (mg/g)) နှင့် အမိုင်နို အက်ဆစ်ဓာတ်များ ပါဝင်မှုအများဆုံးဖြစ်ပြီး အရက်ချက်ခြင်းတွင် အသုံးပြုရန် အကောင်းဆုံး မျိူးတစ်မျိုး ဖြစ်သည်ကို ဖော်ထုတ်နိုင်ခဲ့ပါ ကြောင်း၊
လုပ်ဆောင်နိုင်စွမ်း ဂုဏ်သတ္တိများကို လေ့လာရာတွင် JN-2မျိုးသည် Light transmittance, Water absorption capacity, Oil absorption capacity နှင့် Least gelation
concentration ပါဝင်မှု အများဆုံး ဖြစ်ပြီး စီးပွားဖြစ် အစားအစာအသုံးအဆောင်များ တွင် ဖြည့်စွက် အစားအစာတစ်ခုအဖြစ် အသုံးပြုနိုင်ခြင်း စသည့် ပထမစမ်းသပ်ချက်မှတွေ့ရှိ ချက်များအားလည်းကောင်း၊ JN-2 မျိုးနှင့် JN-3 မျိုး တို့သည် အမိုင်လို့စ် ပါဝင်မှုနည်းသည့် Waxy-sorghumများဖြစ်ကာ LZ-19 မျိုး, JZ-34 မျိုး, JX မျိုး နှင့် JZ-127 မျိုးတို့သည် အမိုင်လို့စ် ပါဝင်မှုများသည့် Non-waxy sorghumမျိုးများဖြစ်ပါကြောင်း၊JN-3မျိုးသည် အခြားသောမျိုးများထက်အပူချိန် ပြောင်းလဲခြင်း အခြေအနေတွင် ကစီဓာတ် တည်ဆောက်ပုံ ပြောင်းလဲမှုနှုန်း မြင့်မားပါကြောင်း၊မျိုး၆မျိုးအား Principal Component Analysis နည်းဖြင့် ခွဲခြမ်းစိတ်ဖြာရာတွင် စေးကပ် မှု ဂုဏ်သတ္တိများနှင့် နှင့် အပူချိန်အပေါ် မူတည်၍ပြောင်းလဲခြင်း ဂုဏ်သတ္တိများသည် JN-3မျိုး နှင့်JN-2 မျိုးတို့သည် တူညီမှုရှိ ခြင်း စသည့် ဒုတိယ စမ်းသပ်ချက်မှတွေ့ရှိချက်များအားလည်းကောင်း၊ကစော်ဖောက်ပြီးသော နှံစားပြောင်း မျိုး (၆) မျိုးတို့၏ အရက်ဖြူအနံ့၊ အရသာ၊ အရည်သွေးစသည်တို့၏ အချင်းချင်းဆက်သွယ်ချက်များ အားလေ့လာ ရာ တွင် 4 Esters ( Ethyl acetate, Ethyl caproate, Ethyl lactate, Ethyl butyrate) နှင့် အပူချိန်, အစိုဓာတ်, ကစော်နံ့ နှင့် အယ်လ်ကိုဟော တို့သည် အပျက် သဘောဆောင်သော ဆက်စပ်မှုရှိနေပြီး 4 Esters နှင့် Starch ၊ Reducing sugars တို့သည် အပြုသဘောဆောင်သော ဆက်စပ်မှုရှိပါကြောင်း၊ ကဆီဓာတ် နှင့် reducing sugars တို့သည် ကစော်ဖောက်ရာတွင် ရုပ်သွင်ပြင် ဂုဏ်သတ္တိများကိုပြောင်းလဲမှု ဖြစ်စေပါကြောင်းစသည့် တတိယ စမ်းသပ်ချက်မှ တွေ့ရှိချက်များအားလည်းကောင်းဗဟုသုတဖြစ်ဖွယ် မျှဝေပေးခဲ့ ပါသည်။
စာတမ်းရှင်မှ သူ၏ သုတေသနပြုဆောင်ရွက်ခဲ့မှုများကို အခြေခံကာ နှံစားသီးနှံများ၏ အာဟာရဓာတ်နှင့် ကစီဓာတ်တို့၏ ရုပ်သွင်ပြင်နှင့် လုပ်ဆောင်နိုင်စွမ်း ဂုဏ်သတ္တိများကို ဆက်လက် သုတေသနပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းကိုလည်း တင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြား ရေးမှူးများ၊ သုတေသနပညာရှင်များမှ စာတမ်းရှင်၏ တွေ့ရှိချက်များအပေါ် သိလိုသည်များ အား မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများပြုလုပ်ခဲ့ကြပါကြောင်း သတင်းမှတ်တမ်း အဖြစ်ဖော်ပြအပ်ပါသည်။
စာတမ်းရှင်အနေဖြင့် ပါရဂူဘွဲ သင်တန်းကာလအတွင်း ဆောင်ရွက်ခဲ့သည့် သုတေသနရလဒ်များ
အဖြစ် နိုင်ငံတကာအသိအမှတ်ပြုဂျာနယ်တိုက်များတွင် First Author အနေဖြင့်သုတေသန စာတမ်း(၅)စောင်၊ Co-Author Contribution အနေဖြင့် သုတေသနစာတမ်း(၃)စောင် စုစုပေါင်း သုတေသနစာတမ်း(၈)စောင် ဖော်ပြနိုင်ခဲ့ပါကြောင်းလည်းသိရှိရပါသည်။