နှစ်ဦးအန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း
မြန်မာသက္ကရာဇ် ၁၃၈၅ ခု နှစ်၏ နှစ်ဦးအန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို စိုက်ပျိုးရေး သုတေသန ဦးစီး ဌာန(ရေဆင်း)ရှိ နဝရတ်ခမ်းမတွင် နှစ်ဆန်း ( ၁)ရက် နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ရာ ပရိတ် တရားတော်နာယူရာတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်အရှင်သူမြတ်များ ဟောကြားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်နှင့်တကွဝန်ထမ်းမိသားစုများမှ ပရိတ်ပန်းအိုး၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်ဆန်၊ ပရိတ်သဲများနှင့်အတူ နာယူတော်မူကြပြီးနောက် ကုသိုလ်ကောင်းမှုအစုစုတို့အား မေတ္တာပို့ အမျှအတန်းပေးဝေခဲ့ကြပြီးဆရာတော်၊သံဃာတော်အရှင်သူမြတ်များအား လှူ ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။
အလားတူပင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ဝန်ထမ်းရပ်ကွက်များဖြစ်သည့် ချယ်ရီမြိုင်၊ စိန်ပန်းမြိုင်၊ ပိတောက်မြိုင်၊ငုရွှေမြိုင်ရပ်ကွက်များ တွင်လည်း ရပ်ကွက်အလိုက် နှစ်ဦးအန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ နှင့်နှစ်ဦးအလှူဒါနများ ပြုလုပ်ခဲ့ကြ ပါပါကြောင်းမှတ်တမ်းပြုဖော်ပြအပ်ပါသည်။