စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

နေပြည်တော်ကောင်စီနယ်မြေ ကြက်သွန် သုတေသနနှင့် နည်းပညာ ပြန့်ပွား ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးအတွက် အလုပ် ရုံဆွေးနွေးပွဲ ကျင်းပခြင်း

dtvgytgv
uyjukiku
fybjiuhuer
Capture
efvbujtgy
jnli,mk
dtvgytgv uyjukiku fybjiuhuer Capture efvbujtgy jnli,mk

နေပြည်တော်ကောင်စီနယ်မြေတွင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး အတွက် နည်းပညာ ပြန့်ပွား ရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၂၃ခုနှစ်မေလ(၁၃)ရက် က စိုက်ပျိုးရေးသုတေသနဦးစီးဌာန Farmer Channel အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

       အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် ၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)နှင့်ညွှန်ကြားရေးမှူးများ၊သုတေသီပညာရှင်များ၊စိုက်ပျိုးရေးဦးစီးဌာနမှ နေပြည်တော် ဒုတိုင်းဉီးစီးမှူးတို့ တက်ရောက် ခဲ့ ကြပါသည်။

      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုး ရေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ကြက်သွန်နီအား စက်ဖြင့် စိုက်ပျိုးခြင်း၊လူဖြင့် စိုက်ပျိုးခြင်းစိုက်နည်းစနစ်များနှင့် စပ်လျဉ်း ၍လည်းကောင်း၊ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းသိုလှောင်သည် ထိ ပြုစုထိမ်းသိမ်း စောင့်ရှောက်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လူကြိုက်များ၍စေျးကွက်ဝင်သည့်ကြက်သွန် မျိုးတစ်မျိုး ဖြစ်သည့် ရွှေဖလားထိပ်မောက်မျိုး၏အရည်းအချင်းလက္ခဏာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ကြက်သွန်နီတစ်ဧကကုန်ကျစရိတ်နှင့်စပ်လျဉ်း၍လည်းကောင်းကြက်သွန်နီမျိုးစေ့ထုတ်လုပ်ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊၂၀၂၃-၂၀၂၄ခုနှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင်ဆောင် ရွက်မည့်စီမံချက်နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဦးဆောင်သည့် တက်ရောက်လာကြသူများက ပြည်လည်ဆွေးနွေး ပေးခဲ့ကြပါသည်။

      ဆက်လက်၍ဒုတိယဝန်ကြီးမှ တင်ပြဆွေးနွေးချက်များအပေါ် လမ်းညွှန်မှာကြားရာ နေပြည်တော် မြို့နယ်(၈)မြို့နယ် တွင် ကြက်သွန်နီ သုတေသနနှင့်နည်းပညာပြန့်ပွားရေးအတွက် တောင်သူများပူးပေါင်းပါဝင် သည့် သုတေသနများ ဆောင်ရွက်နိုင်ရေးမှာကြားခဲ့ပါသည်။