နေကြာမျိုးစေ့ထုတ် နှင့် မျိုးသန့် ပွားများရေးသင်တန်းဆင်းပွဲ ကျင်းပခြင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာနရေဆင်းရှိ စုဝေးခန်းမတွင် နေကြာမျိုးစေ့ထုတ်သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၅)ရက် နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။ အဆိုပါ သင်တန်း ဆင်းပွဲ အခန်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(သီးနှံ) ဒေါက်တာ အောင်မိုးမျိုးတင့်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ၊ ဆရာမများ သုတေသီ များ နှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးနှင့် မွန်ပြည်နယ်မှ စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသား သင်တန်းသူများတက်ရောက်ကြပါသည်။
ယခုသင်တန်းအား ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၅ ရက်ထိ (၁) လတာ ဖွင့်လှစ် ခဲ့ပြီး မွန်ပြည်နယ် ၏နေကြသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရေးရည်ရွယ်၍ မွန်ပြည် နယ်အတွင်းရှိ စိုက်ပျိုးပညာပေးဝန်ထမ်းများအား နေကြာမျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်မှုနှင့် သုတေသန လုပ်ငန်းများ စာတွေ့လက်တွေ့သင်ကြား ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုးမျိုးတင့်မှ အဖွင့်အမှာ စကားပြောကြားရာတွင် ဆီဖူလုံရေးအတွက် နေကြာတိုးချဲ့ စိုက်ပျိုးရေး အတွက် စိုက်ပျိုးရေး သုတေ သနဦးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန နှင့် ဆက်စပ်ဌာနများ ချိတ်ဆက်ပူးပေါင်းကာ အမျိုးသား စီမံကိန်းအနေဖြင့်ရေးဆွဲဆောင်ရွက်နေခြင်းအပေါ်မှ ယခုသင်တန်း ပေါ်ပေါက်လာခြင်း ဖြစ်ပါကြောင်း ၊ နေကြာ သီးနှံသည် ပင်ကြားဝတ်မှုန်ကူးသည့် သီးနှံဖြစ်သည့် အတွက် မျိုးကောင်းမျိုး သန့်ထုတ်လုပ်ခြင်းက အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ အချိန်တစ်လအတွင်း မျိုးမွေးမြူခြင်း၊ မျိုးသန့်ထိန်းသိမ်းခြင်းနှင့် ပတ်သက်သည့်နည်းပညာများကို နေကြာသီးနှံ အပြင် စပါး ၊ မြေပဲ၊ ပဲတီစိမ်း သီးနှံတို့တွင်လည်း စာတွေ့လက်တွေ့ လေ့လာစေခဲ့ကြောင်း၊ လေ့လာသင်ယူခဲ့သည့် ရလဒ်များအပေါ် မိမိကိုယ်တိုင် ဆက်လက်လေ့လာကြရန်နှင့် အကောင်းဆုံးပြန်လည် အသုံးချနိုင်ရေး မှာကြားခဲ့ပါသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးမှလည်း နေကြာသီးနှံ စိုက် ဧက တိုးတက်ရေးအတွက် စီမံချက်များရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မျိုးနှင့်ပတ်သက်သည့် နည်းပညာပေးခြင်းအပေါ် မိမိအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် သင်တန်းသားများအနေဖြင့် မိမိတို့ပြည်နယ်သို့ ပြန်လည်ရောက်ရှိပါက ကိုယ်တတ်သိနားလည်ခဲ့သည်များအား အချင်းချင်းဖလှယ်ကြကာ ဆင့်ပွားသင်တန်းများပေး၍ လုပ်ငန်းအောင်မြင်တိုးတက်အောင် ဆောင်ရွက်ရန်မှာကြားလို ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ စိုက်ပျိုးရေး သုတေ သနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(သီးနှံ) မှ တက်ရောက်ခဲ့သည့် သင်တန်းသားများအား သင်တန်း ဆင်း လက်မှတ်များ ပေးအပ်ခဲ့ပါကြောင်း သတင်းမှတ်တမ်း အဖြစ် ဖော်ပြအပ်ပါသည်။
သတင်းစဉ်
စိုက်ပျိုးရေးသုတေသနဦးစီးဌာန