ဒေသသုတေသနဗဟိုဌာန (မကွေး) တွင် ကွင်းသရုပ်ပြပွဲ ကျင်းပခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသ သုတေ သနဗဟိုဌာန၊ မကွေးမြို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် စမ်းသပ်စိုက်ပျိုးထားရှိသည့် သီးညှပ်စိုက်ပျိုးနည်းစနစ် (နေကြာ+မြေပဲ၊ နေကြာ+နှမ်း၊ နေကြာ+ပဲတီစိမ်း) နှင့် အထွက်ကောင်းနှမ်းနက်မျိုးများ ဒေသအဆင့် အထွက် ယှဉ်ပြိုင် စမ်းသပ်ခြင်းမှ အလားအလာ ရှိသော မျိုးများ ရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲအား ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၅)ရက် နေ့တွင် ဒေသသုတေသနဗဟိုဌာန၊ မကွေးတွင် ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင့်လွင်၊ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်ကျော်လင်း၊ မကွေးတိုင်း စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှုး၊ ခရိုင်ဦးစီးမှုး၊ မြို့နယ်ဦးစီးမှုးများ၊ အကျိုးဆောင် တောင်သူများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဝန်ထမ်း များ တက်ရောက်ကြပါသည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ မကွေး ဒေသရှိ တောင်သူများသည် အခြားသောဒေသမှ တောင်သူများထက် ကြိုးစားအားထုတ်မှု ကောင်းမွန်ခြင်း၊ မကွေး တိုင်းဒေသကြီးသည် ဆီထွက်သီးနှံထုတ်လုပ်ရေးအတွက် အဓိကကျ သည့်အတွက် တန်ဘိုးရှိသော သုတေသနများလုပ်ဆောင်နေသော ဒေသသုတေသနဗဟိုဌာန၊ မကွေးသို့ကွင်းဆင်းလာရခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် သစ်စိမ်းမြေဩဇာကျွေး ခြင်းအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော် စိုက်ပျိုးခြင်း) ကို စိုက်ပျိုးသင့်ကြောင်း၊ ထယ်ထိုးမြေမြုပ်ရာတွင် ပိုက်ဆံလျှော်ကို ထက်ပိုင်းဖြတ်၍ EM ဖျော်ရည်ကို ပက်ဖျန်းပေးသင့်ကြောင်း၊ ရေတိုက်စားမှု မှ ကာကွယ်ရန်အတွက် သီးနှံစိုက်ခင်းများအတွင်း ရေစု အကန့်လေးများ ပြုလုပ်၍ စိုက်ပျိုး သင့်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်ကျော်လင်းမှတောင်သူများဝင်ငွေတိုးစေရန်အတွက် စိုက်ပျိုးရေးပညာရှင်၊ ဈေးနှုန်းကောင်းမွန်မည့် သီးနှံများကို ကုန်သည်များနှင့် ချိတ်ဆက်၍တောင်သူများ စိုက်ပျိုးသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါ သည်။
စိုက်ပျိုးရေးဦးစီးဌာနမှ၊ တိုင်းဦးစီးမှုး ဦးယဉ်ထွန်းမှ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ ဖော်ထုတ်ရရှိသော မျိုးနှင့်နည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများထံသို့ ဖြန့်ဝေပေး လျှက်ရှိပါကြောင်း၊ နေကြာသီးနှံနှင့် တောင်သူများလက်ရှိ စိုက်ပျိုး လျှက်ရှိသော သီးနှံများနှင့် သီးညှပ် စိုက်ပျိုးပါက ဝင်ငေွပိုမို ရရှိနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဒေသသုတေသနဗဟိုဌာန၊မကွေး၏ တာဝန်ခံ ဒေါ်မော်မော်သီမှ လက်ရှိဆောင်ရွက် နေသော သုတေသနလုပ်ငန်းများ၊ မျိုးသန့်ပွားများထုတ်လုပ်ရေးများ၊ RRCအဖြစ် အဆင့်မြှင့် တင်မည့် အစီအစဉ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဝန်ထမ်းများ၊ မျိုးသန့်ခြံများ၊ မျိုးစေ့ကုမ္ပဏီများ၊ တောင်သူ များနှင့် ချိတ်ဆက်၍ မကွေးတိုင်းဒေသကြီး အတွင်း၌ သုတေသနလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည့် အစီအစဉ်များ အား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် စိုက်ကွင်းအတွင်းစမ်းသပ်စိုက်ပျိုးထားသည့် အထွက်ကောင်း နှမ်းနက် မျိုးများ ဒေသအဆင့် အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်းမှ အလား အလာရှိသော မျိုးများကို တောင် သူများအား စိတ်ကြိုက် ရွေးချယ် စေခဲ့ပါ သည်။ထိုသို့ရွေးချယ်ခဲ့ကြရာ MSS-10009, MSS-13009, MSS-13010 မျိုးများသည် အသီးပါ ဝင်မှုများခြင်း၊ ပင်စည်နှင့်အရွက် အစိမ်းရင့်ရောင်ရှိခြင်း၊ အသက်လျှင် ခြင်း လက္ခဏာများ ကြောင့် တောင်သူများ ကြိုက် နှစ်သက်ခဲ့ကြကြောင်းတွေ့ရပါသည်။
ဆက်လက်၍ တောင်သူများမှ သိလို၍ မေးမြန်းသည်များကို စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှုးတို့က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါသည်။