ဒေသသုတေသနဗဟိုဌာန(လက်ပံတန်း)၌ သီးနံသုတေသနများပြုဆောင်ရွက်ထားရှိမှုများအား စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
၂၀၂၃ခုနှစ်မတ်လ (၁၁) ရက်နေ့က စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သည့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးရှိစိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ခြံတစ်ခြံဖြစ်သည့် သုတေသနဗဟိုဌာန လက်ပံတန်း သို့ ဝင်ရောက်၍ သုတေသနပြုဆောင်ရွက်ထားရှိမှုအခြေအနေများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ဒေသသုတေသနဗဟိုဌာန(လက်ပံတန်း)တာဝန်ခံမှ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါတင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်မှ လိုအပ်ချက်များအားဖြည့်စွတ်ဆွေးနွေးပေးပြီး ရက်-၉၀ စပါးမျိုး အား မျိုးသန့်စိုက်ပျိုးပေးရန်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ ရက်-၉၀ စပါးမျိုးအား ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှ စတင်၍ အကျယ်အပြန့် စိုက်ပျိုးထုတ်လုပ်လာနိုင်ရေး၊
ယခုနှစ် နွေရာသီမှစတင်၍ လက်ရှိ စိုက်ပျိုးထားရှိသော ရက်-၉၀ စပါး မျိုးအား ခေါင်နှံ ၆၀၀၀၀၀ (၆ သိန်း) ယူ ၍ ၂၀၂၃ မိုးရာသီတွင် ရက်-၉၀ စပါး တောင်သူ့မျိုးသန့် စေ့ အနေဖြင့် ဧက ၃၀၀.၀၀ (ဧက သုံးရာ) စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊
ဒေသသုတေသနဗဟိုဌာန (လက်ပံတန်း) အနေဖြင့် ရက်-၉၀ စပါးမျိုးအား Seed Flow အတိုင်း မျိုးသန့်မျိုးပွားမျိုး စေ့ အား စိုက်ပျိုး ထုတ်လုပ်ပေးရန်တို့အားလမ်းညွှန်မှာကြားခဲ့ပါကြောင်းသတင်းမှတ်တမ်းအဖြစ်ဖော်ပြအပ်ပါသည်။